အားလုံးပဲ မင်္ဂလာပါ။ ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်တဲ့အခါ ဆီကို ရွှဲနေအောင် အသုံးပြုခြင်းက ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာ အားလုံးပဲ သိပြီးသားဖြစ်မှာပါ။ ဆီများများ စားသုံးတဲ့အခါ အသည်းအဆီဖုံးခြင်း၊ အဝလွန်ခြင်း စတဲ့ ကျန်းမာရေးပြဿနာများ ခံစားရနိုင်ပါတယ်။

ဒီဝက်သားစဉ်းကော ကြော်တဲ့အခါမှာ ဆီနည်းနည်းလေးပဲ သုံးထားတဲ့အပြင် အစာကြေလွယ်အောင် ဂျင်း များများ ထည့်ကြော်ထားပါသေးတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် သကြား၊ ဆန်ဝိုင်နှင့် ပဲငံပြာရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားနှင့် ဂျင်းတို့ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ဝက်သားများ အညိုရောင် ပြောင်းသွားတဲ့အခါမှာတော့ စောစောကဖျော်ထားသော ဆော့စ်များကို ဒယ်အိုးထဲ လောင်းထည့်ပြီး ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ထို့နောက် နှမ်းဆီ၊ နှမ်းစေ့နှင့် ကြက်သွန်မြိတ်တို့ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝက်သားစဉ်းကောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Spicetheplate.com