အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ခွန်အားဖြစ်စေပြီး အရသာရှိတဲ့ ဂျင်ဆင်းကြက်ပေါင်းရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် (သို့) ကောက်ညှင်းဆန် နို့ဆီဘူး ၄ ပုံ ၁ ပုံ (ရေဆေးထားပြီးနောက် တစ်နာရီခန့် ရေစိမ်ထားလိုက်ပါ)
  • ဂျင်ဆင်းမြစ် တစ်တုံး
  • စွန်ပလွံသီး ၂ လုံး
  • ကြက်သွန်ဖြူ ၈ မြွှာ (အခွံခွာပြီး ရေဆေးထားလိုက်ပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)

Source: Theladders.com

  • ကြက် တစ်ကောင် (အူကလီစာများကို ဖယ်ရှားပြီး ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားလိုက်ပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆားအနည်းငယ်၊ နှမ်းစေ့၊ ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဆန် (သို့) ကောက်ညှင်းဆန်ကို ရေဆေးပြီးနောက် ကြက်သားထဲသို့ ဂျင်ဆင်း၊ စွန်ပလွံသီးနှင့် ကြက်သွန်ဖြူတို့ထည့်ထားလိုက်ပါ။

အိုးတစ်လုံးထဲ ရေထည့်ပြီး ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ရေဆူပွက်လာပါက ကြက်သားကို  အိုးထဲထည့်ကာ အဖုံးဖုံးထားပြီး မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

ကြက်သား၊ ဂျင်ဆင်းနှင့် ဆန်တို့ နူးအိသွားသည်အထိ တည်ပေးလိုက်ပါ။ ရေလိုအပ်ပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

မိနစ် (၃၀)၊ မိနစ် (၄၀) ပြည့်တဲ့အခါမှာတော့ အရသာရှိပြီး ခွန်အားဖြစ်စေမယ့် ဂျင်ဆင်း ကြက်ပေါင်းရည်လေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com