အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာပြုလုပ်နည်းကတော့ ဒိုးနတ်အချိုပွဲ ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၁၂ ဇွန်း

  • ကြက်ဥ ၂ လုံး
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပေါင်ဒါသကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ ဗနီလာ လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရောင်စုံအခဲလေးများ စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ဒိုးနတ်မုန့်ဖုတ်မယ့် လင်ဗန်းကို ဆီဖြင့် သုတ်လိမ်းထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံထးဲတွင် ဂျုံမှုန့်၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါ၊ သကြားနှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ ကြက်ဥ၊ နွားနို့၊ ဆီနှင့် ဗနီလာတို့ကို သမအောင် မွှေခလောက်ထားပါ။

၄။ ထို့နောက် ကြက်ဥနွားနို့အရောအနှောများကို ဂျုံမှုန့်အရောအနှောများဖြင့် သမအောင် နယ်လိုက်ပါ။

၅။ ရရှိလာတဲ့မုန့်နှစ်များကို ဒိုးနတ်ဖုတ်မယ့် လင်ဗန်းထဲ ထည့်လိုက်ပါ။ အဝိုင်းပုံစံခွက်တစ်ခုချင်းစီအတွက် မုန့်နှစ်များကို တစ်ဝက်ပဲထည့်ရပါမယ်။ ထို့နောက် Oven ထဲထည့်ကာ ၇ မိနစ်မှ ၉ မိနစ်ခန့်အထိ ဖုတ်ပေးလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ဒိုးနတ်များကို ဆန်ခါပေါ် တင်ပေးလိုက်ပါ။

၇။ ထို့နောက် ပန်းကန်လုံးအသေးတစ်လုံးတွင် ပေါင်ဒါသကြား၊ နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဗနီလာတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၈။ ဒိုးနတ်ရဲ့ထိပ်ပိုင်းကို စောစောက နွားနို့အရောအနှောထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ရောင်စုံအခဲလေးများ ဖြူးထည့်လိုက်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အိမ်လုပ်ဒိုးနတ်လေးများ ရရှိသွားပါပြီ။

Source: Thespruceeats.com