အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မြန်မာ့ရိုးရာ အစားအစာတွေကို ကြိုက်နှစ်သက်သူများအတွက် မုန့်လုံးရေပေါ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်း ဂျုံမှုန့် ၁၂၈ ဂရမ်
  • ဆန်ဂျုံ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သီးနွေးရေနွေး ၁၂၅ မီလီလီတာ
  • မြေပဲ ၂၀ ဂရမ်
  • နှမ်းစေ့ ၁၀ ဂရမ်

  • အုန်းသီးဖတ် ၂၀ ဂရမ်
  • ရေ ၂၅၀ မီလီလီတာ
  • သကြားညို အနည်းငယ်
  • ဂျင်း ၃ ပြား

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် ကောက်ညှင်းဂျုံမှုန့်နှင့် ဆန်ဂျုံတို့ကို သမအောင် ရောနယ်ထားလိုက်ပါ။ ကြက်သီးနွေး ရေနွေး ဖြည်းဖြည်းချင်းစီလောင်းထည့်ကာ ဂျုံလုံးအကြီးတစ်လုံးဖြစ်အောင် လုံးပေးလိုက်ပါ။ ထို့နောက် ထိုဂျုံလုံးကြီးကို မုန့်လုံးရေပေါ် အလုံးငယ်များဖြစ်သွားအောင် လုံးပေးရပါမယ်။

၂။ အိုးတစ်လုံးထဲတွင် ရေအနည်းငယ်ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက မုန့်လုံးရေပေါ်များကို ထည့်ပြုတ်ပေးရပါမယ်။ မုန့််လုံးရေပေါ်များ ရေပေါ် ပေါလောပေါ်လာပါက ဇကာဖြင့် စစ်ယူကာ ပန်းကန်ပြားပေါ်တွင် ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးအသေးတစ်လုံးထဲတွင် သကြားညိုနှင့် ရေ ၁၂၅ မီလီလီတာတို့ ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ တည်ထားလိုက်ပါ။ သကြားများပျော်သွားပါက မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျှော့ချလိုက်ကာ နောက်ထပ် ၂ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။

၄။ မြေပဲကို လှော်ပြီးနောက် ညှက်နေအောင် ထောင်းထားလိုက်ပါ။

၅။ ထို့နောက် မုန့်လုံးရေပေါ်သို့ သကြားရည်များ လောင်းထည့်ကာ အုန်းသီးဖတ်၊ မြေပဲနှင့် နှမ်းတို့ ဖြူးထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ မုန့်လုံးရေပေါ်လေး ရရှိသွားပါပြီ။

တကယ်လို့ သင့်အနေနဲ့ မြေပဲ မကြိုက်ပါက အဆင့် (၄) ကို ကျော်လိုက်ပြီး သကြားရည်ကို မုန့်လုံးရေပေါ်သို့ တန်းပြီး လောင်းချပေးနိုင်ပါတယ်။

Source: Chinasichuanfood.com