အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမြင်မှာလည်း လှပြီး၊ အရသာလည်း ကောင်းမွန်တဲ့ ကြက်ဥအနှစ်နဲ့ ရွှေဝါရောင်သန်းတဲ့ ထမင်းကြော်ကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ထမင်းပူပူ ၃ ခွက်
- ကြက်ဥ ၂ လုံး
- ဆားအနည်းငယ်
- ကြက်သွန်မြိတ်အနည်းငယ်
- ဝက်အူချောင်း
- မုန်ညှင်းချဉ် အနည်းငယ်
- မိမိနှစ်သက်ရာအသား
- ပဲငံပြာရည်အနည်းငယ်
- ဆီ
ပြုလုပ်နည်း
အရင်ဆုံး ထမင်းကို ဇလုံတစ်ခုထဲထည့်လိုက်ပါ။
ကြက်ဥကိုဖောက်လိုက်ပြီး အနှစ်ပဲထည့်ကာ နယ်ပေးပါ။
ကြက်သွန်မြိတ်နဲ့ တခြားပါဝင်ပစ္စည်းတွေကိုလှီးထားလိုက်ပါ။
ပြီးရင် ဆီကိုအပူပေးလိုက်ပြီးထမင်းထည့်ကြော်လိုက်ပါ။
ဆား၊ ပဲငံပြာရည်ထည့်ပါ။
မုန်ညှင်းချဉ်နဲ့ အသားထည့်လိုက်ပါ။
ပြီးရင်သေချာကြော်ပေးလိုက်ပြီး ရပြီဆိုရင် ကြက်သွန်မြိတ်ထည့်လိုက်ပါ။
ဝက်အူချောင်းကိုသတ်သတ်ကြော်လိုက်ပြီး ထမင်းပေါ်ကနေ အုပ်ပေးကာ သုံးဆောင်နိုင်ပါပြီနော်။
Source: www.yumofchina.com
By: MyStyle Myanmar