ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရဲ့အပူရှိန်ကြောင့် ချွေးတွေ ထွက်ကာ ရေဓာတ်များ ခမ်းခြောက်နေပြီလား။ ကုန်ခမ်းသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်သလို အပူရှိန်ကြောင့် မူးဝေမောပန်းခြင်း၊ ခေါင်းကိုက်ခြင်းဝေဒနာများ လျော့ပါးသက်သာဖို့အတွက်လည်း အချိုဓာတ်ကို မှီဝဲပေးဖို့လိုအပ်ပါတယ်။

ရေဓာတ်ရော အချိုဓာတ်ရော နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ဖြည့်တင်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကျောက်ကျော ရေခဲမုန့်အချိုပွဲလေးကို သုံးဆောင်ကြည့်လိုက်ပါ။ နွားနို့ရဲ့ အချိုဓာတ်၊ သစ်သီးများရဲ့ အေးမြတဲ့ဓာတ်တွေက နွေရာသီရဲ့ ပူပြင်းတဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ကျောက်ကျော ၂ တုံး (လေးထောင့်အတုံး သို့မဟုတ် မိမိကြိုက်နှစ်သက်ရာအတုံးတုံးထားပါ)
  • နွားနို့ (သို့) အုန်းနို့
  • နို့ဆီနှင့် နို့စိမ်း
  • ပျားရည်
  • ကော်ဖီအေး

  • သရက်သီး (သို့) စတော်ဘယ်ရီသီး (သို့) ငှက်ပျောသီး (သို့) နာနတ်သီး
  • သစ်ခွရေခဲမုန့် (သို့) မိမိကြိုက်နှစ်သက်ရာရေခဲမုန့် တစ်မျိုး
  • ရေခဲတုံး
  • Tapioca Pearls

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကျောက်ကျောနှင့် မိမိရွေးချယ်ထားတဲ့ သစ်သီးတစ်မျိုးကို အနေတော်အတုံးများ တုံးထားလိုက်ပါ။

၂။ အုန်းနို့ကို နို့ဆီ၊ နို့စိမ်းတို့နှင့် ရောနှောပြီးနောက် အရသာမြည်းကြည့်လိုက်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ထိုနွားနို့အရောအနှောများကို ပြောင်းထည့်ပေးလိုက်ပါ။ ထို့နောက် ထိုနွားနို့ပန်းကန်ထဲသို့ ကျောက်ကျော၊ Tapioca Pearls နှင့် ရေခဲမုန့်များကို သူ့အကန့်နဲ့သူ ခွဲထည့်ထားပေးလိုက်ပါ။

ထိုအဆင့်သုံးဆင့်ကို စနစ်တကျပြုလုပ်ပေးလိုက်တာနဲ့တင် အရသာရှိလှတဲ့ ကျောက်ကျော ရေခဲမုန့်အချိုပွဲလေး ရရှိသွားပါပြီ။

အခုလိုပူပြင်းခြောက်သွေ့တဲ့နွေရာသီနဲ့ အလိုက်ဖက်ဆုံး အချိုပွဲတစ်မျိုးပဲဖြစ်ပါတော့တယ်။

Source: Thewoksoflife.com