ဓာတုဆေးဝါးနဲ့ ဆေးသကြားများလုံးဝမပါဝင်တဲ့ သဘာဝကျောက်ကျောကို မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို အားလုံးပဲ သိချင်နေကြပြီနဲ့တူပါတယ်။ ဒါ့ကြောင့် MyFood Myanmar ရဲ့အစားအသောက်ချစ်သူများအတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

  • ကျောက်ကျောမှုန့် ၂ ထုပ် (၆ ဂရမ်)
  • ပြောင်းမှုန့် ၂၀ ဂရမ်
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း၊ ၄ ဇွန်း
  • ရေ ၁ လီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်တုံးထဲတွင် ကျောက်ကျောမှုန့် ၂ ထုပ်၊ သကြား စားပွဲတင်ဇွန်း ၃ ဇွန်း (သို့) ၄ ဇွန်းနှင့် ပြောင်းမှုန့် ၂၀ ဂရမ်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

၂။ ထိုပါဝင်ပစ္စည်း ၃ မျိုးစလုံး သမသွားတဲ့နောက်မှာတော့ ရေ ၂၀၀ မီလီလီတာထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ကျန်ရှိနေတဲ့ ရေ ၈၀၀ မီလီလီတာကိုတော့ အိုးထဲထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက စောစောက ကျောက်ကျောရည်အရောအနှောများကို အိုးထဲ ဖြည်းဖြည်းချင်းစီ လောင်းထည့်လိုက်ပါ။ ထို့နောက် ၁ မိနစ်၊ ၂ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ ပြီးတဲ့အခါမှာတော့ ပန်းကန်လုံးထဲထည့်ကာ ရေခဲသေတ္တာထဲတွင် နာရီအတော်ကြာအောင် အအေးခံထားလိုက်ပါ။

၅။ အေးသွားတဲ့အခါမှာတော့ ကုဗတုံးငယ်များ တုံးထားလိုက်ပါ။ ဒါဆိုရင်တော့ အိမ်လုပ်ကျောက်ကျောလေး ရရှိသွားပါပြီ။

နွားနို့ကျောက်ကျောလုပ်စားချင်တယ်ဆိုရင်တော့ ထိုကျောက်ကျောတုံးများကို ဖန်ခွက်ထဲထည့်ပြီးနောက် နွားနို့အနည်းငယ် လောင်းထည့်ကာ အားရပါးရသောက်သုံးနိုင်ပါတယ်။

ဒါမှမဟုတ် သစ်သီးတစ်မျိုးမျိုးနဲ့ စားချင်တယ်ဆိုရင်တော့ ပန်းကန်လုံးတစ်လုံးထဲသို့ ကျောက်ကျောထည့်ပြီးနောက် သရက်သီးအနည်းငယ် နွားနို့အနည်းငယ်ထည့်ကာ သုံးဆောင်နိုင်ပါသေးတယ်။

Source: Chinasichuanfood.com