ကြက်ဥမွှေကြော်ကို သူ့ချည်းပဲ ကြော်စားရတာ ရိုးအီနေပြီဆိုသူတွေအတွက် ပဲတောင့်ရှည်၊ ပုစွန်တို့နဲ့ ရောကြော်ထားတဲ့ ကြက်ဥမွှေကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၈ ကောင် (အခွံခွာပြီး ရေစင်အောင် ဆေးထားပါ)
  • ကြက်ဥ ၄ လုံး
  • ပုစွန်ခြောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲတောင့်ရှည် ၄ တောင့် (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၁ တောင့် (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၄ လုံးကို ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ဖြင့် မွှေခလောက်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ပုစွန်ခြောက်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၃။ ဆီသတ်ပြီးသွားတဲ့အခါ ပုစွန်၊ ပဲတောင့်ရှည်၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

၄။ ပုစွန်များ ပန်းရောင်သမ်းသွားပြီဆိုရင်တော့ မွှေခလောက်ထားသော ကြက်ဥထည့်ကြော်ပါ။

ကြက်ဥအောက်ခြေက အညိုရောင် သမ်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ ၁ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ပုစွန် ကြက်ဥမွှေကြော်လေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com