အစားအသောက် ခုံမင်တဲ့ Foodies လေးတို့ရေ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သားကြော်ကို ငရုတ်သီးနဲ့ စပ်စပ်လေးကြော်စားလို့ရမယ့် ကြက်သားပန်ကိတ်ကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံ ၁ တုံး
  • ကြက်သွန်ဖြူ ၃ မြွှာ
  • ကြက်သွန်နီ တစ်လုံး၏ ၄ ပုံ ၁ ပုံ
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း တစ်ခွက်စာ

  • ဆား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၁ လီတာ
  • ငါးငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ဂျုံမှုန့် ၆၄ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ (သို့) သံလွင်ဆီ အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သားကို ရေ ၁ လီတာဖြင့် အရင်ဦးဆုံးပြုတ်ထားလိုက်ပါ။ ကြက်သား နူးအိသွားပါက ရေစစ်ထုတ်ပြီးနောက် ကြက်သားနွှင်ထားလိုက်ပါ။

ပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်သီးစိမ်းနဲ့ ပါးပါးလှီးထားသော ကြက်သွန်နီတို့ကို ရောထည့်ထားပါ။ ထို့နောက် ထိုပန်းကန်ထဲသို့ ဂျုံမှုန့်၊ ငါးငံပြာရည်နဲ့ နွှင်ထားသော ကြက်သားဖတ်များထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

ဒယ်အိုးကို ဆီဖြင့် အပူပေးပြီးနောက် သမအောင်မွှေထားသော ကြက်သားများကို ဒယ်အိုးထဲထည့်ပြီး ဒယ်အိုးမျက်နှာပြင်တစ်လျှောက် ဖြန့်ကျက်ပေးလိုက်ပါ။

ပန်ကိတ်ရဲ့ အောက်ခြေမျက်နှာပြင် အညိုရောင်ပြောင်းသွားသည်အထိ မိနစ်အနည်းငယ်ကြာ ကြော်ပေးလိုက်ပါ။

ထို့နောက် ဇွန်းအပြားဖြင့် တစ်ခြမ်းလှန်ပြီး ဆက်ကြော်ပေးလိုက်ပါ။ ဆီလိုအပ်ပါက ဆီထပ်ထည့်ပေးလိုက်ပါ။

ပန်ကိတ်ရဲ့ မျက်နှာပြင် ရွှေညိုရောင်ပြောင်းသွားပြီဆိုမှ မီးဖိုပေါ်က ချပြီး ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

ရရှိလာတဲ့ ကြက်သားပန်ကိတ်ကြော်ကို ထမင်းနဲ့ ရောစားရင်လည်း လိုက်ဖက်မှုရှိသလို သရေစာမုန့်အနေနဲ့ သူ့ချည်းပဲစားလည်း အရသာရှိပါတယ်။

Source: maangchi.com