အားလုံးပဲ မင်္ဂလာပါ။ လူရဲ့ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ များနေမယ်ဆိုရင် နေလို့ထိုင်လို့လည်းမကောင်းတော့သလို ကျန်းမာရေးကိုလည်း အမျိုးမျိုးထိခိုက်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ်တွင်းမှာ စုဝေးနေတဲ့ အဆိပ်အတောက်တွေကို သဘာဝအတိုင်းဖယ်ရှားနိုင်မယ့် ဖျော်ရည်လုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဒိန်ချဉ် – ခွက်တစ်ဝက်
  • နံနံပင် – လက်တစ်ဆုပ်
  • သခွားသီး (အခွံခွာပြီး အတုံးလေးတွေလှီးပြီးသား) – ၁ လုံး

  • ပန်းသီး (အစေ့ထုတ်ပြီး အတုံးလေးတွေလှီးပြီးသား) – ၁ လုံး
  • ငှက်ပျောသီး (လှီးပြီးသား) – ၁ လုံး
  • စွံပလွံသီး (အစေ့ထုတ်ပြီးသား) – ၂ ခု

ပြင်ဆင်ပြုလုပ်နည်း

အဆင့် ၁ – ဒိန်ချဉ်၊ ငှက်ပျောသီး၊ ပန်းသီး၊ သခွားသီးတို့ကို ကြိတ်စက်ထဲထည့်ပါ။

အဆင့် ၂ – အစေ့ထုတ်ပြီးသား စွံပလွံသီးတွေကို တစ်ဝက်လှီးပြီး နံနံပင်တွေနဲ့အတူ ကြိတ်စက်ထဲထည့်ပါ။ အဖုံးအုပ်ပြီး ပါဝင်ပစ္စည်းအားလုံးကို ကြိတ်ခြေပါ။

ရလာတဲ့ ဖျော်ရည်ကို ခွက်ထဲပြောင်းထည့်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

Source: Fabhow.com