အားလုံးပဲမင်္ဂလာပါ။ချဉ်ချဉ်စပ်စပ်အစားအသောက်တွေကို သဘောကျနှစ်သက်သူတွေအတွက် ယိုးဒယားစတိုင် ပုဇွန်သရက်သီးသုပ်ပြုလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။စားဖူးနေကြ သရက်သီးသုပ်တွေနဲ့မတူပဲ ယိုးဒယားအရသာစစ်စစ်ဖြစ်တာ ကြောင့် ခံတွင်းတွေ့စေမှာသေချာပါတယ်။ လွယ်ကူရိုးရှင်းတဲ့ ပုစွန်သရက်သီးသုပ်ပြုလုပ်နည်းလေးကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ရေချိုပုစွန် ၁၀ ကောင်
  • သရက်သီးစိမ်း ၁ လုံး
  • မုလာဥနီ ၁ လုံး
  • မုလာဥဖြူ ၁ လုံး
  • သခွားသီး ၁ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ကြက်သွန်နီ ၂ လုံး
  • ငရုပ်သီးအမှည့် ၃ တောင့်
  • သံပရာသီး ၁ လုံး
  • ငါးငံပြာရည် ၂ ဇွန်း
  • ရှာလကာရည် ၁ ဇွန်း
  • သကြား ၂ ဇွန်း
  • ဆားအနည်းငယ်
  • မြေပဲထောင်း ၂ ဇွန်း
  • သံလွင်ဆီ
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ပုစွန်ကိုရေဆေးသန့်စင်ပြီး ကျောရိုးကအမဲကြောင်းနဲ့ အခွံ တို့ကိုခွာပေးပါ။ထို့နောက် ဒယ်အိုးအတွင်းရေ ၃ ခွက်ခန့်ထည့်ပြီး တည်ပေးထားရပါမယ်။ရေနွေးဆူလာပြီဆိုရင် ပုဇွန်လေးတွေကိုထည့်ပြီး ၇ မိနစ်ခန့်ပြုတ်ပေးပါ။ ပုဇွန်ပြုတ်ထားစဉ်နောက်ထပ်ဒယ်အိုးတစ်လုံးနဲ့ ကြက်သွန်ကြော်ပေးဖို့ပြင်ဆင်ပေးရပါမယ်။ကြက်သွန်နီကိုပါးပါးလှီးပါ။ကြက်သွန်ဖြူကိုလည်း မထူမပါးလေးလှီးပေးပါ။ဆီဆူလာပြီဆိုရင်တော့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ကိုထည့်ပြီး ရွှေရောင်သမ်းလာတဲ့အထိကြော်ပေးရပါမယ်။

(၂) ထို့နောက် သရက်သီး မုလာဥနီ မုလာဥဖြူ သခွားသီးတို့ ကို အရှည်လိုက်ခပ်ပါးပါးလှီးပေးပါ။ပြီးရင်တော့ သရက်သီးကို ရေစိမ်ထားပါ။ပြုတ်ထားတဲ့ပုဇွန်ကျက်သွားပြီးဆိုရင်တော့ ပုစွန်ပြုတ်ထားတဲ့အရည်တွေကိုသွန်ပြီးနောက်ထပ်ရေ ၂ ခွက် ခန့်ထပ်ထည့်ကာ အိုးအတွင်း ဆားအနည်းငယ် ရှာလကာရည်တစ်ဇွန်းတို့ထည့်ပြီး တည်ထားပေးပါ။

(၃) ရေနွေးဆူလာပြီဆိုရင်တော့ မုလာဥနီ နဲ့ မုလာဥအဖြူနဲ့ သခွားသီးတို့ ကို၁၀ မိနစ်ခန့်ရေနွေးဖျောပေးရပါမယ်။အချိန်စေ့ပြီဆိုရင်တော့ ပြုတ်ထားတဲ့ မုလာဥအနီ မုလာဥအဖြူနဲ့ သခွားသီတို့ကို ရေစစ်ထားပါ။နောက်ဆုံးအဆင့်အနေနဲ့ အသုပ်သုပ်ဖို့ ဇလုံတစ်လုံးယူပါ။ထိုဇလုံထဲသို့ သရက် သီး ခုနကပြုတ်ထားတဲ့ မုလာဥအနီ မုလာဥအဖြူနဲ့ သခွားသီးတို့ကို ရောထည့်ပေးပါ။ထို့နောက်ပုစွန်ကိုလည်းထည့်ပေးပါ။

(၄) ပြီးရင်တော့ သံလွင်ဆီတစ်ဇွန်း ကြက်သွန်ကြော် မြေပဲထောင်း သံပရာသီးတစ်စိတ် ဆားအနည်းငယ် သကြားနဲ့ ငါးငံပြာရည်တို့ကိုထည့်ပြီး ခပ်ဖွဖွလေး သမအောင်နယ်ပေးရပါမယ်။ပြီးရင်တော့ မိမိကြိုက် နှစ်သက်ရာပန်းကန်တစ်ခုအတွင်းထည့်ပြီးအလှဆင်ပါ ။ဒါဆိုရင်တော့ ချဉ်ချဉ်ငံငံစပ်စပ်လေးနဲ့ အရမ်းကိုအရသာရှိတဲ့ ယိုးဒယားချဉ်ငံစပ် ပုဇွန်သရက်သီးသုပ်ကို သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source : hungryhuy