အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ အစားအစာများ နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ပုစွန်သုပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင် (အခွံခွာထားပါ)
  • ခရမ်းချဉ်သီး အနည်းငယ် (ပါးပါးလှီးထားပါ)
  • ဆလပ်ရွက် အနည်းငယ်
  • သခွားသီး ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ငရုတ်ပွ အနီ တစ်ခြမ်း (အချောင်းလိုက် ပါးပါးလှီးလိုက်ပါ)

  • နံနံပင် လက်တစ်ဆုပ်စာခန့်
  • မြေပဲ အနည်းငယ်

အချဉ်ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးစိမ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပျားရည် လက်ဖ်ကရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်းခန့်ထည့်ပါ။ ထို့နောက် ဆားအနည်းငယ်ထည့်ပါ။

၂။ ပုစွန်များကို ဒယ်အိုးထဲ ထည့်ပြီးနောက် မီးအေးအေးဖြင့် မိနစ်အနည်းငယ်ခန့် တည်ထားလိုက်ပါ။ ပုစွန်များ ပန်းရောင် ပြောင်းသွားပြီဆိုရင်တော့ ပုစွန်များကို လင်ဗန်းထဲ ထည့်ကာ ရေခဲသေတ္တာထဲထည့်ကာ မိနစ် ၃၀ ခန့် အအေးခံထားလိုကပါ။

၃။ ထို့နောက် ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊ သခွားသီး၊ ငရုတ်ပွ၊ နံနံပင်၊ ကြက်သွန်နီတို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၄။ ထို့နောက် အချဉ်ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများအားလုံးကို လောင်းထည့်ကာ သမအောင် နယ်လိုက်ပါ။

၅။ ပြီးမှ ပုစွန်များထည့်ကာ နယ်ပြီးနောက် အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ပုစွန်သုပ်လေး ရရှိသွားပါပြီ။

Source: Mydeliciousblog.com