အားလုံးပဲ မင်္ဂလာပါ။ သင်္ဘောသီးထောင်းလို့ ပြောလိုက်တာနဲ့ စားချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး သွားရေတမြှားမြှားကျတတ်သူတွေအတွက် ဒီတစ်ခါမှာတော့ လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ သင်္ဘောသီးထောင်း စပ်စပ်လေးကို ဘယ်လိုလုပ်စားရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Green Papaya

  • သင်္ဘောသီးစိမ်း တစ်လုံး
  • မုန်လာဥနီ တစ်လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • သခွားသီး တစ်လုံး၊ နှစ်လုံးခန့် (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ပင်စိမ်းရွက်အနည်းငယ် (ပါးပါးလှီးထားပါ)
  • နေကြာစေ့လှော် စားပွဲတင်ဇွန်းလေးဇွန်း

အချဉ်ရည်ဖော်စပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
  • ဆန်ရှာလကာရည် ၇၉ မီလီလီတာခန့်နှင့် သကြား စားပွဲတင်ဇွန်း သုံးဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း နှစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အချဉ်စပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံးတစ်လုံးထဲတွင်ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

Source: Flickr.com

၂။ သင်္ဘောသီးကို အခွံခွာပြီး လေးစိတ်စိပ်ကာ ခြစ်ခုံဖြင့် အချောင်းလိုက် ခြစ်ချထားလိုက်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပါးပါးလှီးထားသော သင်္ဘောသီးများ၊ မုန်လာဥနီ၊ သခွားသီး၊ ပင်စိမ်းရွက်နှင့် နေကြာစေ့တို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၄။ စောစောက ဖော်စပ်ထားသောအချဉ်များကို သင်္ဘောသီးပန်းကန်ထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် သမအောင် နယ်ဖတ်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ အပေါ့ အငန်လိုအပ်ပါက ဆားအနည်းငယ် ထပ်ထည့်ပေးနိုင်ပါတယ်။

နောက်ဆုံးမှာတော့ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ သင်္ဘောသီးထောင်းစပ်စပ်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Healthynibblesandbits.com