အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဝက်သား ငရုတ်ပွကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သားပြား ဝ.၅ ပေါင်ခန့်(ပါးပါးလှီးထားပါ)
  • ငရုတ်ပွ ၂ ခု (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ငရုတ်ပွတို့ထည့်ကာ တစ်မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။

၂။ ပါးပါးလှီးထားသော ဝက်သားများထည့်ကာ မိနစ်အနည်းငယ်ခန့် ကြော်လိုက်ပါ။

၃။ ထို့နောက် ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အနှောက်၊ ဟင်းချက်ဝိုင်၊ ခရုဆီတို့ထည့်ပြီးနောက် ဝက်သားများ ကျက်သွားသည်အထိ ရောမွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ဝက်သား ငရုတ်ပွကြော်လေး ရရှိသွားပါပြီ။

၄။ ရရှိလာတဲ့ ဝက်သား ငရုတ်ပွကြော်ကို ပန်းကန်ပြားထဲထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com