အားလုံးပဲ မင်္ဂလာပါ။ မြန်မာအစားအစာ ကြိုက်နှစ်သက်သူများအတွက် မီးဖိုချောင်တိုင်းမှာ အမြဲတွေ့ရတတ်တဲ့ ခရမ်းချဉ်သီးသုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။
ဒီတစ်ခါမှာတော့ ပုံမှန်သုံးနေကျ ခရမ်းချဉ်သီးအနီမဟုတ်ဘဲ အစိမ်းရောင်ရှိတဲ့ ခရမ်းချဉ်သီးကိုသုံးပြီးတော့ သုပ်ရမှာဖြစ်ပါတယ်။ ယခုဖော်ပြပေးသွားမယ့် ပမာဏက မိသားစုဝင်လေးယောက်စာပါ။
ပါဝင်ပစ္စည်းများ
- ခရမ်းချဉ်သီးအစိမ်း (လှီးပြီးသား) – ခြောက်လုံး
- ကြက်သွန်နီ (လှီးပြီးသား) – ၂ လုံး
- လှော်ထားတဲ့ မြေပဲထောင်း – စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ (လှီးပြီးသား) – ၂ မြွှာ
- စပါးလင်ရှာလကာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း
Source: Specialty Produce
- နှမ်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း
- နှမ်းစေ့ – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဟင်းသီးဟင်းရွက်ဆီ
- ဆား
- ငရုပ်ကောင်း
ပြင်ဆင်ပြုလုပ်ပုံ
၁။ ခရမ်းချဉ်သီးတွေကို ပါးပါးလှီးပြီး ပန်းကန်တစ်လုံးထဲထည့်ထားပါ။
၂။ မကပ်တဲ့ဒယ်အိုးအသေးထဲမှာ မီးအေးအေးနဲ့ ကြက်သွန်ဖြူတွေကို အညိုရောင်သမ်းတဲ့အထိ ကြော်ပေးပါ။
၃။ ကြက်သွန်ဖြူကြော်ထားတဲ့ ဆီတွေကိုစစ်ထုတ်လိုက်ပြီး လက်ဖက်ရည်ဇွန်းနဲ့ ၁ ဇွန်းစာလောက် သပ်သပ်ဖယ်ထားလိုက်ပါ။
၄။ ကြက်သွန်နီ၊ မြေပဲထောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူကြော်ထားသည့်ဆီ၊ စပါးလင်ရှာလကာရည် နှင့် နှမ်းဆီတို့ကို ပန်းကန်လုံးထဲမှာ သေချာနှံ့အောင်မွှေပေးပါ။
၅။ နောက်ဆုံးအနေနဲ့ ခရမ်းချဉ်သီးတွေထည့်သုပ်လိုက်ကာ ပန်းကန်တစ်ခုထဲပြောင်းထည့်ပြီး နှမ်းစေ့လေးတွေဖြူးပေးပါ။
Source: 196flavors.com