၀က်အခေါက်ဆို လူတိုင်း ကြိုက်နှစ်သက်ကျပါတယ်။ သရေကျစရာ အရသာမျိုးလေးရှိကာ စားပြီးမအီပဲ ထမင်းဝိုင်းမှာ မျက်နှာရစေသော အသုပ်ဖြစ်တာကြောင့်.…သုပ်စားကြည့်လိုက်နော်။
ပါဝင်ပစ္စည်းများ
- ဝက်အခေါက် – ၁ ထုပ် (၂၅၀ ဂရမ်၊ လှီးပြီးပြုတ်ပြီးသား)
- ခရမ်းချဉ်သီးအစိမ်း – ၅ လုံး (အစေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)
- ခရမ်းချဉ်သီး – ၃ လုံး (အစေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)
- ဂေါ်ဖီ – ၁ စိတ် (ခြစ်နဲ့ ပါးပါးလေးတွေခြစ်ထားပါ၊ လိုသလောက်သုံးပါ)
- ငရုတ်ကောင်းနက် – အနည်းငယ်
- ရှောက်ရွက်နု – ၅ ရွက် ( ပါးပါးရှည်ရှည်လေးတွေလှီးထားပါ)
- ကြက်သွန်နီ – ၂ ဥ(ခတ်ပါးပါး လေးတွေလှီးထားပါ)
- သံပုရာသီး – ၃ လုံး (အရည်ညစ်ပြီးလိုသလောက်ထည့်ပါ)
- ငရုတ်ဆီ – ၂ ဇွန်း ခွဲ( စားပွဲဇွန်း)
- ပဲမှုန့်အကျက် – ၁ ဇွန်း (စားပွဲဇွန်း)
- ငံပြာရည် – ၂ ဇွန်း (လက်ဖက်ဇွန်း)
- ဆား – အနည်းငယ်
- အိမ်ချက်ဆီကျက် – ၁ ဇွန်း ခွဲ (စားပွဲဇွန်း) (ကြက်သွန်ဖြူ ဆီချက်)
- ငရုတ်သီးစိမ်း၊နီ – ၆ တောင့်( အစေ့ထုပ်ပြီး ပါးပါး လေးတွေလှီးထားပါ)
ပြုလုပ်နည်း
- ဖန်ဇလုံ ထဲပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ခလောက်တံဖြင့် သကြားများ အရည်ပျော်တဲ့ အထိ ခလောက်ပေးပါ။
- ဆားမြည်းပါ ။ လိုတာထပ်ထည့်ပေးပါ ။ အသုပ်ထဲ လိုသလောက် ထည့်သုပ်လို့ ရပါပြီ။
*မှတ်ချက် – အချဉ်ရည်ကို ကိုယ့်စိတ်ကြိုက် ကိုယ့်ကြိုက်နှစ်သက်သော အရသာအတိုင်း အချဉ်အစပ် ထပ်ထည့်ပြုလုပ်နိုင်ပါတယ်။
Credit: Syi Foodsgarden