အားလုံးပဲ မင်္ဂလာပါ။ အကင် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်တောင်ပံအစပ်ကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန့်ဖုတ်ပေါင်ဒါ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူမှုန့်နှင့် ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ငရုတ်ကောင်းမှုန့် ၄ ပုံ ၁ ပုံ
  • ကြက်တောင်ပံ ၃ ပေါင်
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် မုန့်ဖုတ်ပေါင်ဒါ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ဇီရာမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၂။ ကြက်တောင်ပံများကို ဇလုံထဲ ထည့်ပြီးနောက် စောစောက ငရုတ်သီးမှုန့်အရောအနှောများဖြင့် သမအောင် ရောနယ်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၈ နာရီမှ တစ်ညကြာသည်အထိ နှပ်ထားလိုက်ပါ။

၃။ ကင်ဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ထောပတ်ကို အရည်ဖျော်ထားလိုက်ပါ။

၄။ ထို့နောက် အကင်ဒယ်ပြားကို အပူပေးပြီးနောက် ထောပတ်ဆီ သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် ကြက်တောင်ပံများကို အညိုရောင်ပြောင်းသွားသည်အထိ ကင်ပေးလိုက်ပါ။ ၅ မိနစ်ခန့် ကင်ပြီးပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၅ မိနစ်ခန့် ဆက်ကင်ပေးလိုက်ပါ။

ကြက်တောင်ပံများအားလုံး ကင်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်တောင်ပံအစပ်ကင်လေး ရရှိသွားပါပြီ။

Source: Seriouseats.com