အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ် စားသုံးနိုင်တဲ့ ချိစ်အရသာ ခရမ်းချဉ်သီး ဆင်းဒဝှစ်ချ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၄ ချပ်
  • ခရမ်းချဉ်သီး ၁ လုံး (အကွင်းလိုက် လှီးဖြတ်ထားပါ)
  • Cheddar ချိစ် ၄ ချပ်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်မုန့် တစ်ချပ်ချင်းစီပေါ်သို့ ထောပတ် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲစီ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ပေါင်မုန့်ရဲ့ထောပတ်မသုတ်လိမ်းထားတဲ့ဘက်ပေါ်သို့ Cheddar ချိစ် ၁ ချပ်ချင်းစီ တင်ထားလိုက်ပါ။

၂။ ထို့နောက် ခရမ်းချဉ်သီးအကွင်းများကို ချိစ်ပေါ်တွင် တင်ထားပါ။ ပြီးရင်တော့ ပေါင်မုန့်ချပ် ၂ ချပ်ကို ပူးကပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဆင်းဒဝှစ်ချ် ၂ ခု ရသွားပါလိမ့်မယ်။

၃။ ဒယ်အိုးကို အလယ်အလတ်မီးအပူချိန် ပေးပါ။ ဒယ်အိုးပူလာတာနဲ့ ဆင်းဒဝှဒ်ချ် ၂ ခုကို ထည့်ကြော်လိုက်ပါ။ ချိစ်များ တစ်ဖြည်းဖြည်း အရည်ပျော်ကျလာတာကို တွေ့ရပါလိမ့်မယ်။ ထိုအခါ ပေါင်မုန့်ချပ်အပေါ်ကနေ ဇွန်းအပြားကြီးဖြင့် ဖွဖွလေး ဖိချလိုက်ပါ။

ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ အညိုရောင် ပြောင်းသွားသည်အထိ မီးကင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ် ခရမ်းချဉ်သီး ဆင်းဒဝှစ်ချ်လေး ရသွားပါပြီ။

စာဖတ်သူတို့အနေနဲ့ ဒီ့ထက်ပိုအရသာရှိတဲ့ ဆင်းဒဝှစ်ချ်လေး စားချင်တယ်ဆိုရင်တော့ အသားပြားကြော်၊ သခွားသီး စတဲ့ တန်ဆာပလာများ ထပ်ထည့်ကာ အရသာရှိရှိစားသုံးနိုင်ပါသေးတယ်။

Source: Kirbiecravings.com