အားလုံးပဲ မင်္ဂလာပါ။ မနက်စာကို အာဟာရပြည့်ပြည့် ဗိုက်ဝဝနဲ့စားသုံးနိုင်ဖို့အတွက် ချိစ်အရသာ အသားညှပ်ဟော့ဒေါ့ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်အူချောင်း (သို့) ဝက်အူချောင်း ၄ လုံး
  • ပေါင်မုန့်ရှည် ၄ လုံး
  • ချိစ် ၁၂၅ ဂရမ်
  • ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဝက်သားပြား ၈ ပြား (ကြော်ထားပါ)

  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အကင်မီးဖိုကို ကြိုတင်အပူပေးထားပါ။

၂။ ထောပတ်ကို အရည်ဖျော်ပြီးနောက် ကြက်သွန်ဖြူမှုန့်ဖြင့် ရောနှောထားလိုက်ပါ။

၃။ ပေါင်မုန့်ကို ထက်ခြမ်းခြမ်းပြီးနောက် ပေါင်မုန့်အတွင်းသားကို ထောပတ်များဖြင့် သုတ်လိမ်းထားလိုက်ပါ။ ထိုပေါင်မုန့်ကို အကင်မီးဖိုတွင် တစ်မိနစ်ခန့် တင်ထားလိုက်ပါ။

ထို့နောက် ကြက်အူချောင်း (သို့) ဝက်အူချောင်းကိုလည်း ထက်ခြမ်းခြမ်းပြီးနောက် အကင်မီးဖိုတွင် တစ်မိနစ်ခန့် ကင်ပေးရပါမယ်။

၄။ နောက်တစ်ဆင့်အနေနဲ့ ဝက်အူချောင်း (သို့) ကြက်အူချောင်းကို ပေါင်မုန့်ထဲသို့ ညှပ်ထည့်ပါ။ တစ်ဖန်  ဝက်သားပြား ၂ ပြားနှင့် ချိစ် ၄ ပုံ ၁ ပုံခန့် ထည့်ပေးလိုက်ပါ။ ထို့နောက် ပေါင်မုန့်ကို အနည်းငယ်ပြားသွားဖို့အတွက် ဇွန်းဖြင့် ဖိပေးလိုက်ပါ။ ထိုပေါင်မုန့်ကို ချိစ်များအရည်ပျော်သွားသည်အထိ အပူပေးလိုက်ပါ။ (ကျန်တဲ့ ပေါင်မုန့် ၃ လုံးကိုလည်း အထက်ဖော်ပြပါနည်းအတိုင်း ပြုလုပ်ပေးရပါမယ်)

ချိစ်များ အရည်ပျော်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ်အရသာ အသားညှပ်ဟော့ဒေါ့လေး ရရှိသွားပါပြီ။

ကော်ဖီ (သို့) မိမိကြိုက်နှစ်သက်ရာအအေးတစ်မျိုးမျိုးဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Spicysouthernkitchen.com