အားလုံးပဲ မင်္ဂလာပါ။ ပါဝင်ပစ္စည်း သုံးမျိုးတည်းနဲ့ အရသာရှိတဲ့ ချိစ် ပေါင်မုန့်လိပ်ကြော်လေး မလုပ်စားချင်ကြဘူးလား။

ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ ချိစ် ပေါင်မုန့်လိပ်ကြော် ပြုလုပ်နည်းလေးကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၉ ချပ်
  • ချိစ် ၉ ပြား
  • ထောပတ် စားပွဲတစ်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်မုန့်ရဲ့ ဘေးအနားသားများကို ဓားဖြင့် လှီးဖြတ်လိုက်ပါ။

၂။ ဒလှိမ့်တုံးကို အသုံးပြုပြီး ပေါင်မုန့်များကို ပြားသွားအောင် ဖိလှိမ့်ပေးလိုက်ပါ။

၃။ ချိစ်ပြားများကို ပေါင်မုန့် တစ်ချပ်ချင်းစီပေါ်မှာ တင်ထားလိုက်ပါ။ ထို့နောက် ချိစ်ကို အလယ်မှာထားပြီး ပေါင်မုန့်ပြားကို တင်းနေအောင် လိပ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးလိုက်ပါ။ ထောပတ်ထည့်ပြီး ထောပတ်များအရည်ပျော်လာပါက လိပ်ထားသော ပေါင်မုန့်များကို ထည့်ကြော်လိုက်ပါ။

ပေါင်မုန့်များ ရွှေညိုရောင် ပြောင်းသွားပါက ဒယ်အိုးထဲမှ ခပ်ထုပ်လိုက်ပါ။

ရရှိလာတဲ့ ချိစ်ပေါင်မုန့်လိပ်ကြော်ကို မနက်စာအဖြစ် (သို့) နေ့လည်စာ အဆာပြေအဖြစ် မိမိကြိုက်နှစ်သက်သလို စားသုံးနိုင်ပါတယ်။

Source: Couponclippingcook.com