အသားကင် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ချဉ်စပ်အရသာ ကြက်ကင် ပြင်ဆင်ပြုလုပ်နည်းများကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၄ တုံး
  • သံပုယိုရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဓားဖြင့် မွှန်းထားသော သံပုရာအခွံ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြားညို (သို့) ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေး တစ်လုံးထဲတွင် သံပုယိုရည်၊ သံပုရာသီးအခွံ၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကြက်သွန်ဖြူ၊ သကြားညို (သို့) ပျားရည်၊ ငရုတ်သီးမှုန့်တို့ကို သမအောင် ရောမွှေထားပါ။

၂။ ကြက်ရင်အုံများကို ပန်းကန်လုံးအကြီးတစ်လုံးထဲ ထည့်ပါ။ ထို့နောက် စောစောက ရောမွှေထားသော သံပုယိုရည် အရောအနှောများကို ကြက်သားတုံးပေါ်သို့ လောင်းထည့်လိုက်ပါ။ ထို့နောက် ထိုပန်းကန်လုံးကို လုံအောင် အုပ်ပြီးနောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး မိနစ် ၃၀ မှ ၂၄ နာရီကြာသည်အထိ နှပ်ထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက အကင်မီးဖိုကို အပူပေးပါ။ ထို့နောက် ကြက်သားတုံးများကို မီးဖိုပေါ်တွင် ၅ မိနစ်ခန့် ကင်ပေးလိုက်ပါ။ ကြက်သားတုံးက ရွှေညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၅ မိနစ်ခန့် ထပ်ကင်ပေးလိုက်ပါ။

ကြက်သားတုံးများအားလုံး ကင်ပြီးသွားပါက ချဉ်စပ်အရသာ ကြက်ကင်လေးများ ရရှိသွားပါပြီ။

ဟင်းသီးဟင်းရွက်၊ အာလူးကြော် စသည့်အစားအစာများနဲ့ တွဲဖက်စားသုံးပါက အင်မတန် လိုက်ဖက်မှုရှိပါတယ်။

Source: Gimmedelicious.com