အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကလေး၊ လူကြီး ကျား မ မရွေး ကြိုက်နှစ်သက်ကြတဲ့ ချိစ်အရသာ ပြောင်းဖူးမီးဖုတ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူး ၄ ဖူး
  • ပြောင်းဖူးထိုးရန် တုတ်ချောင်း ၈ ချောင်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပြောင်းဖူးကို အခွံခွာပြီးနောက် ထက်ဝက်ပိုင်းထားပါ။ ထို့နောက် ပြောင်းဖူးတစ်ပိုင်းချင်းစီကို တုတ်ဖြင့် ထိုးထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ထောပတ်၊ ဆီ၊ ပျားရည်နှင့် ပဲငံပြာရည်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ ရရှိလာတဲ့အနှစ်များကို ပြောင်းဖူးပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။

၄။ ထို့နောက် အကင်မီးဖိုကို အပူပေးပြီးနောက် ပြောင်းဖူးကို မီးဖုတ်ပေးလိုက်ပါ။ ပြောင်းဖူးတစ်ခြမ်းစီကို ၂ မိနစ်၊ ၃ မိနစ်ခန့် အပူပေးထားလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် မီးဖုတ်ပေးလိုက်ပါ။

ပြောင်းဖူးကို မီးဖုတ်တဲ့အခါ အနည်းဆုံး ၄ ကြိမ်စီ လှည့်ပေးဖို့လိုပါတယ်။ ဒါမှ သေချာကျက်မှာပဲဖြစ်ပါတယ်။

ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ ချိစ်အနံ့လေး သင်းနေတဲ့ ပြောင်းဖူးမီးဖုတ်လေး ရရှိသွားပါပြီ။ သူ့ရဲ့အရသာကလည်း ဆွေမျိုးမေ့သွားစေလောက်တဲ့အထိ ထူးကဲကောင်းမွန်လှပါတယ်။

Source: Kitchenbowl.com