ပါဝင်ပစ္စည်းများ

  • ငါး – ၅ ကောင် (၁ ပိသာ ၃၀ သား)
  • ဆား
  • ဗနီကာ – ၂ ဇွန်း (စားဇွန်း)
  • သကြား – ၁ ဇွန်း
  • ပဲငံပြာရည်ကျဲ – ၂ ဇွန်း

  • ငြုပ်ကောင်း – ၁ တီးဇွန်း
  • နာနာပွင့်မှုန့် – ၃တီးဇွန်း
  • ဂျင်း – ၂ လက်မလောက် (ထုထောင်းအရေ)
  • (အချိုမှုန့်ကြိုက်သူများ. – ၁ တီးဇွန်းလောက်ထည့်ပါ)

ပြုလုပ်နည်း

ငါး ၅ ကောင်ကို ရေစင်စင် ဆေးမွှန်းပြီး ဆားနယ်ထားပါ။

ဇလုံ တခု ထဲတွင် (စားဇွန်း) ဗနီကာ ၂ဇွန်း ၊ သကြား ၁ဇွန်း ၊ ပဲငံပြာရည်ကျဲ ၂ ဇွန်း ၊ နှမ်းဆီမွှေး ၁ ဇွန်း ၊ ငြုပ်ကောင်း ၁ တီးဇွန်း ၊ နာနာပွင့်မှုန့် ၃ တီးဇွန်း ၊ ၈ျင်း ၂ လက်မလောက် ထုထောင်း အရေညစ်ထည့်ပါ။

အားလုံးကို ရောသမ မွှေထဲ့ပါ။ ပြီးလျှင် တစ်ကောင်ခြင်း မွှန်းထားသော အသား၊ ဗိုက်များ မကျန်အနှံ့ လောင်းထည့်ပါ။ စိမ်ပြီး လှည့်၍ လူးပါ။ နယ်နှပ်ထားသော ငါးများကို ၃ နာရီ ရေခဲ သေတာထဲ ထည့်ထားပါ။

ပါဝင်ပစ္စည်းများ

  • ရှမ်းနံနံ – ၃ စည်း
  • နံနံပင်
  • ကြက်သွန်မိတ်
  • ကြက်သွန်ဖြူ – ၅ မွှာ
  • နှမ်းဆီမွှေး – ၁ ဇွန်း

ဆားနည်းနည်းနဲ့ အရသာရှိတဲ့ ဟင်းလျာတွေ ဘယ်လိုချက်ပြုတ်ကြမလဲ

  • ခရမ်းချဉ်သီး
  • ငြုပ်ပွ – ၁ လုံး
  • ငြုပ်သီးစိမ်း – နဲနဲ
  • နှမ်းဆီမွှေး – ၁ ဇွန်း
  • ဆား

  • ကြက်သွန်ဖြူ – ၅ မွှာထောင်း
  • ဂျင်း (လက်မလောက်ထောင်းထား)
  • နာနတ်ပွင့်မှုန့် – ၁ တီးဇွန်း
  • စကော ပါကောအမှုန့်
  • ငြုပ်ကောင်းနဲနဲ

ပြုလုပ်နည်း

1. ရှမ်းနံနံ ၃ စည်း ၊ နံနံပင် ၊ ကြက်သွန်မိတ် ၊ ခရမ်းချဉ်သီး ၊ ငြုပ်ပွ ၁ လုံး ၊ ငြုပ်သီးစိမ်း နဲနဲ ၊ ရှမ်းနံနံကို သဲစင်အောင် တပင်ခြင်း သေချာဆေးပါ။

2. အရွက်တွေ ဆေးရတာ အပင်ပန်းဆုံးပါပဲ။ ပြီးလျှင် လှီးပါ။ လှီးပြီးသားတွေ ဒယ်အိုးထဲထည့်ပြီး နှမ်းဆီမွှေး ၁ ဇွန်း၊ ဆား၊ ကြက်သွန်ဖြူ ၅မွှာ ထောင်းပါ။

3. ဂျင်း လက်မလောက်ကို ထောင်းထားပါ။ နာနတ်ပွင့်မှုန့် ၁ တီးဇွန်း ၊ ငြုပ်ကောင်း နဲနဲနဲ့ရောပြီး အပူပေးတယ်ဆိုရုံ လုံးလိုက်ပါ။

4. ပြီးလျှင် ငါးဗိုက်ထဲ သွတ်ပြီး ကင်လို့ရပါပြီ။

5. ကင်သည့် အချိန်တွင် မကြာမကြာ ငါးကို လှဲ့ပေးပါ။ အရေခွံ နဲနဲ နီလာတော့မှ နှမ်းဆီမွေးကို စုပ်တံလေးနဲ့သုတ်ပြီး စကော ပါကော အဖြူရောင်အမှုန့်များကို များများဖြူးပြီး၊ နဲနဲ မီးထပ်ပြပြီး စားလို့ရပါပြီ။

Credit: Happy Family Time