အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သားကင် ပဲပြားရောကြော်တို့ကို အရသာရှိအောင် ရောသမမွှေကာ သုပ်ထားတဲ့ ဟင်းလျာတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင် (ဝက်ဆီတုံးများများပါသော အသား)
  • ပဲပြား ၆ အောင်စ (လေးထောင့်အတုံးငယ် တုံးပါ)
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ငရုတ်သီးတောင့် ၄ တောင့်
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားတုံးကို မလှီးဖြတ်ရသေးခင်မှာ အိုးမတူးသောဒယ်အိုး (သို့) အကင်မီးဖိုဖြင့် ကင်ထားပါ။

ဝက်သား နှစ်ဖက်ခြမ်းစလုံးကို အညိုရောင် ပြောင်းလာသည်အထိ ကင်ပြီးတဲ့နောက်မှာတော့ အနေတော်အတုံး လှီးဖြတ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ကာ ပဲပြားတုံးများ အဝါရောင်ပြောင်းသွားသည်အထိ ကြော်ပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ရှာလကာရည်၊ ငရုတ်သီးတောင့်၊ ကြက်သွန်နီ၊ သကြား၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၄။ ဇလုံအကြီးတစ်လုံးထဲတွင် ဝက်သားကင်နှင့် ပဲပြားတို့ထည့်ပါ။ ထို့နောက် စောစောက ရောမွှေထားသော ရှာလကာရည်အရောအနှောတို့ လောင်းထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ပဲငံပြာရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ ဝက်သားကင် ပဲပြားရောကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

စားခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်လိုက်ပါ။

Source: Panlasangpinoy.com