နာနတ်သီးရဲ့ချဉ်ပြုံး ချဉ်ပြုံးအရသာလေးကိုမှ နှစ်သက်သူများအတွက် ထမင်းစားပြီးတဲ့အချိန်မှာ အချိုတည်းနိုင်မယ့် နာနတ်သီးမီးကင် အချိုပွဲ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ နာနတ်သီးမီးကင်ရဲ့အရသာက သာမန်နာနတ်သီးထက် ဆယ်ဆ ပိုအရသာရှိတဲ့အတွက်ကြောင့် စာဖတ်သူတို့အားလုံး နှစ်ခြိုက် သဘောတွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • လတ်ဆတ်သော နာနတ်သီး ၁ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး အကင်မီးဖိုကို အလယ်အလတ်မီးအပူချိန်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ နာနတ်သီးများကို အခွံခွာပြီးနောက် လက်မဝက်အထူခန့် အဝိုင်းလိုက် လှီးဖြတ်ထားပါ။

၃။ ပန်းကန်လုံးအသေး တစ်လုံးထဲတွင် သံလွင်ဆီ၊ သကြားညိုနှင့် ဂျင်းတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ ဆီဖြင့် နာနတ်သီးများကို သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် အနည်းဆုံး မိနစ် ၃၀ မှ တစ်ညတာအထိ နှပ်ထားပေးလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ နာနတ်သီးများပေါ်သို့ ဆား ဖြူးလိုက်ပါ။

၅။ ထို့နောက် ကြိုတင်အပူပေးထားသော အကင်မီးဖိုပေါ်တွင် နာနတ်သီးများကို ၃ မိနစ်၊ ၄ မိနစ်ခန့် ကင်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ဆက်ကင်ပေးလိုက်ပါ။

အားလုံးကင်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ နာနတ်သီး မီးကင်လေးများ ရရှိသွားပါပြီ။

Source: Spendwithpennies.com