အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးကို ပုံမှန်စားသုံးပေးမယ်ဆိုရင်တော့ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့အပြင် အခြားသော ရောဂါဘယများအားလုံးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဆော်လမွန်ငါးကို ဒီတစ်ခါမှာတော့ အရသာရှိအောင် ဘယ်လိုကင်စားကြမလဲဆိုတာကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

• ဆော်လမွန်ငါး ၁ ပေါင်ခွဲ (အတုံး ၄ တုံး တုံးထားပါ)
• သံလွင်ဆီ (သို့) ထောပတ်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
• သံပုယိုသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)
• ငရုတ်သီးအရောင်တင်မှုန့်၊ ကြက်သွန်ဖြူအမှုန့်နှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး အသေးတစ်လုံးထဲတွင် သံလွင်ဆီ၊ ငရုတ်သီးအရောင်တင်မှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၂။ လင်ဗန်းတစ်ခုထဲတွင် ဆော်လမွန်ငါးများကို အစီအရီထည့်ထားပြီး ဘရက်ရှ်အသုံးပြုကာ စောစောက ငရုတ်ရည်များဖြင့် ဆော်လမွန်ငါးများကို သုတ်လိမ်းပေးလိုက်ပါ။ အချဉ်ရည်များ အသားထဲသို့ စိမ့်ဝင်သွားဖို့ရန်အတွက် အနည်းဆုံး ၁၅ မိနစ်မှ အများဆုံး ၂၄ နာရီအထိ ထားထားပေးလိုက်ပါ။

၃။ အကင်မီးဖိုကို အပူချိန် ၄၅၀ (သို့) ၅၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် ဆော်လမွန်ငါးများကို အရေခွံကို အပေါ်သို့ လှန်ထားပြီး အကင်အဖုံးပိတ်လိုက်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ကင်ပေးလိုက်ပါ။

၄။ အချိန်ပြည့်ပါက ငါးကို တစ်ဖက်သို့ လှန်လိုက်ပြီး အကင်မီးဖိုအဖုံးဖွင့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ထပ်ကင်ပေးလိုက်ပါ။

၅။ အချိန်ပြည့်သွားပြီဆိုရင်တော့ ဆော်လမွန်ငါးများကို မီးဖိုပေါ်က ချပြီးနောက် ပန်းကန်ထဲပြောင်းထည့်ကာ မိမိနှစ်သက်ရာအချဉ်ရည်နဲ့ အရသာရှိရှိတွဲဖက်စားသုံးနိုင်ပါတယ်။

Source: Ifoodreal.com