အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ ပုစွန်ကင် ထောပတ်ထမင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ အဖြူထည်ထမင်းစားရတာ ငြီးငွေ့နေပြီဆိုရင် အလွယ်တကူလုပ်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် နို့ဆီဘူး ၁ လုံး (သို့မဟုတ် မိမိနှစ်သက်ရာပမာဏ အသုံးပြုနိုင်ပါတယ်)
  • မှို ၇ ပွင့်၊ ပုစွန် ၉ ကောင်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဆန်ကို ရေစင်အောင် ဆေးထားပါ။ မှိုကိုလည်း အနေတော်အတုံးလေး လှီးဖြတ်ထားလိုက်ပါ။ ထမင်းပေါင်းအိုးထဲသို့ ဆန်နဲ့ မှိုတို့ထည့်ပြီးနောက် ရေထည့်ကာ တည်ထားလိုက်ပါ (ထည့်ရမယ့်ရေပမာဏကတော့ သင့်ရဲ့ ထမင်းပေါင်းအိုးပေါ်မူတည်ပါတယ်)။

ထမင်းတည်နေတဲ့အချိန်မှာ အကင်မီးဖိုကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးထားလိုက်ပါ။

ထို့နောက် ပန်းကန်လုံးတစ်လုံးထဲတွင် ရေစင်အောင် ဆေးထားသော ပုစွန်များထည့်ပြီး ငရုတ်သီးမှုန့်ဖြူးထည့်လိုက်ပါ။

ကြက်သွန်ဖြူ၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

သံလွင်ဆီထပ်ထည့်ပြီး သမအောင် ထပ်နယ်ပေးလိုက်ပါ။

မိနစ်အနည်းငယ်လောက် စိမ်ထားပြီးနောက် အကင်မီးဖိုမှာ ကင်ပေးလိုက်ပါ။ တစ်ဖက်စီကို ၃ မိနစ်၊ ၄ မိနစ်ခန့် ကင်ပေးရပါမယ်။

ပုစွန်များ ကင်ပြီးသွားတဲ့အခါမှာတော့ ပန်းကန်ထဲ သပ်သပ်ဖယ်ထည့်ထားလိုက်ပါ။ တည်ထားတဲ့ ထမင်းကျက်သွားတဲ့အခါ ဒယ်အိုးကို အပူပေးပြီး ထောပတ်များ အရည်ပျော်အောင် ဖျော်ထားလိုက်ပါ။

ထောပတ်များ ရွှေရောင်ပြောင်းသွားပါက ထမင်းပေါ်သို့လောင်းချပြီး သမအောင် နယ်ပေးလိုက်ပါ။ ရရှိလာတဲ့ထောပတ်ထမင်းကို ပန်းကန်ထဲပြောင်းထည့်ပြီးနောက် ပုစွန်ကင်များ ထမင်းပေါ်မှာ တင်ထားလိုက်ပါ။

ကြက်သွန်မြိတ်များ ထမင်းပန်ကန်ထဲထပ်ထည့်ပြီး အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ကင် ထောပတ်ထမင်းကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: couponclippingcook.com