အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သံပုယို ထောပတ်ရည်လေး စိမ့်ဝင်နေတဲ့ ပုစွန်ကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပင်လယ်စာ ပုစွန်ကင် ကြိုက်နှစ်သက်သူများအားလုံး အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၂ ပေါင်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုသီး ၁ လုံး (အခွံကို ဓားဖြင့် မွှန်းပြီးနောက် အရည်ညှစ်ထားလိုက်ပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး အကင်မီးဖိုကို ကြိုတင်အပူပေးထားလိုက်ပါ။

၂။ ပုစွန်များကို အခွံခွာ ရေဆေး သန့်စင်ပြီးတဲ့နောက်မှာ အကင်တုတ်တံဖြင့် ထိုးထားလိုက်ပါ။

၃။ ထောပတ်ကို အရည်ဖျော်ပြီးနောက် ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားလိုက်ပါ။ သံပုယိုခွံများကို ထောပတ်ရည်ထဲ ထည့်ထားလိုက်ပါ။ ထို့နောက် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၄။ ပုစွန်တုတ်ထိုးများကို သံပုယို ထောပတ်ရည်ဖြင့် သုတ်လိမ်းပေးလိုက်ပါ။

၅။ ထို့နောက် အကင်မီးဖိုကို ဆီဖြင့် သုတ်လိမ်းလိုက်ပါ။ အကင်တုတ်ချောင်းများကို မီးဖိုပေါ် တင်ထားကာ တစ်မိနစ်ခန့် ကင်လိုက်ပါ။ သံပုယို ထောပတ်ရည်ဖြင့် သုတ်လိမ်းလိုက်ပါ။

၆။ ထို့နောက် အကင်ချောင်းကို အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁ မိနစ်၊ ၂ မိနစ်ခန့် ဆက်ကင်ပေးလိုက်ပါ။ သံပုယို ထောပတ်ရည်ဖြင့် သုတ်လိမ်းလိုက်ပါ။

ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ သံပုယို ထောပတ်ရည်လေး စိမ့်ဝင်နေတဲ့ ပုစွန်ကင်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com