အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ အမဲသား ကြက်ဥလိပ် ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၄ လုံး
  • အမဲသား ဝ.၅ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ငရုတ်ပွအစိမ်း တစ်ခု (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၆ ဇွန်း

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။

၂။ ထို့နောက် ငရုတ်ပွနှင့် အမဲသားတို့ထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ကြော်ပေးလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားပါ။

၃။ ကြက်ဥ ၄ လုံးကို ဆားအနည်းငယ်ထည့်ပြီး မွှေခလောက်ပေးလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ကျန်ရှိနေတဲ့ဆီများအားလုံး လောင်းထည့်ပြီး ဆီပူလာပါက ကြက်ဥ ၃ ပုံ ၁ ပုံခန့် လောင်းထည့်လိုက်ပါ။

၅။ မီးအေးအေးဖြင့် ကြော်ပြီးနောက် ကြက်ဥကို အခြားတစ်ဖက်သို့ လှန်ပြီး ဆီကြော်ပါ။ ထို့နောက် အမဲသားကြော် ၃ ပုံ ၁ ပုံခန့်ကို ကြက်ဥကြော်ရဲ့အစွန်းတစ်ဖက်မှာ ထည့်လိုက်ပါ။ ထို့နောက် အမဲသားထည့်ထားတဲ့အခြမ်းစပြီး ကြက်ဥကြော်ကို လိပ်ပေးလိုက်ပါ။

၆။ ရရှိလာတဲ့ ကြက်ဥလိပ်ကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပေးလိုက်ပါ။ ကျန်ရှိနေတဲ့ ကြက်ဥနှင့် အမဲသား ၃ ပုံ ၂ ပုံခန့်ကိုလည်း ထိုနည်းအတိုင်း ဆက်ကြော်ပေးရပါမယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ကြက်ဥလိပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Panlasangpinoy.com