အားလုံးပဲ မင်္ဂလာပါ။ အမဲသားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်ဥအနှစ်နဲ့ အလှဆင်ထားတဲ့ အမဲသားဟင်း ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၃၀၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင်
  • ကြက်ဥအနှစ် ၁ လုံး

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်းပြား ၄ ပြား

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို ပါးပါးလှီးပါ။ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးပါ။ ပန်းကန်လုံးတစ်လုံးထဲသို့ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဂျင်း ၄ ပြားတို့ကို သမအောင် ရောမွှေထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက အမဲသားများ ထည့်ကြော်ပါ။ အမဲသား တစ်ဖက်ခြမ်းက အညိုရောင် ပြောင်းသွားပါက ကြက်သွန်နီထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပါ။

၃။ ထို့နောက် ဆန်ဝိုင်အရောအနှောများ လောင်းထည့်ပါ။ ရေ စားပွဲတင်ဇွန်း ၈ ဇွန်းထည့်ပြီးနောက် ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ ဟင်းရည် ပွက်ပွက်ဆူပြီး ပျစ်သွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချပြီး ပန်းကန်ထဲ ပြောင်းထည့်လို့ရပါပြီ။ အလှဆင်ဖို့ရန်အတွက် ကြက်သွန်မြိတ် အနည်းငယ်ထည့်ပါ။ ကြက်ဥအနှစ်ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Futuredish.com