အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ MyFood Myanmar ရဲ့ Foodies လေးတွေအတွက် ဝေမျှပေးချင်တာကတော့ ကြက်သား ကြက်ဆီထမင်း ပြင်ဆင်ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက် ၁ ကောင်
  • ဆား အနည်းငယ်
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်နီ ၂ ဥ (အခွံခွာပြီး ထက်ခြမ်း ခြမ်းထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ဓားပြားရိုက်ပါ)

  • တစ်လက်မပတ်လည် ဂျင်းတုံး (အခွံခြစ်ထားပါ)
  • စပါးလင် ၁ ပင် (ဓားပြားရိုက်ပါ)
  • ငရုတ်ကောင်းစေ့ ၆ စေ့
  • ဆန် ပန်းကန်လုံး ၂ လုံးစာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ကောင်လုံးကို ဆားကြမ်းဖြင့် ၃ ကြိမ်ခန့် ပွတ်တိုက်ပေးလိုက်ပါ။

ထို့နောက် အိုးအကြီးတစ်လုံးထဲထည့်ကာ ကြက်သားများ မြှုပ်သွားသည်အထိ ရေထည့်ပါ။

ဆန်ဝိုင် ထည့်ပါ။ ပွက်ပွက်ဆူလာအောင် တည်ပြီးနောက် ဝေ့တက်လာသော အဆီခဲအဖတ်များကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပါ။

၂။ ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်ကောင်းစေ့၊ ဆားအနည်းငယ်ထည့်ကာ အဖုံးအုပ်ထားပြီး ၄၅ မိနစ်ခန့် တည်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက မီးပိတ်လိုက်ပါ။ ကြက်သားကိုတော့ အိုးထဲတွင် ၁၀ မိနစ်ခန့် ထားထားပါ။

၃။ ၁၀ မိနစ်ပြည့်ပါက ကြက်ကောင်လုံးပြုတ်ကို လင်ဗန်းတစ်ခုထဲ ထည့်ပြီးနောက် ခဲဖတ်ဖြင့် အုပ်ထားပြီး တစ်နာရီခန့် အအေးခံထားလိုက်ပါ။

၄။ ကြက်ပြုတ်ရည်ကိုတော့ ပန်းကန်လုံး ၃ လုံးစာ (စားပွဲတင်ဇွန်း ၄၈ ဇွန်း)ခန့် ဆန်ခါဖြင့် စစ်ယူကာ အအေးခံထားလိုက်ပါ။

၅။ အိုးအကြီးတစ်လုံးထဲတွင် ဆန်နှင့် စောစောက ကြက်ပြုတ်ရည်တို့ထည့်ကာ ဆူပွက်လာသည်အထိ တည်ပါ။

ထို့နောက် အဖုံးအုပ်ထားပြီး ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။

ထမင်းကျက်သွားပြီဆိုရင်တော့ မီးဖိုပေါ်ကချကာ ၁၅ မိနစ်ခန့် နှပ်ထားပါ။

၁၅ မိနစ်ပြည့်မှ ထမင်းကို ခရင်းဖြင့် ဖွပေးလိုက်ပါ။

၆။ ကြက်ကောင်လုံးက အေးသွားပြီဆိုရင်တော့ ကြက်သားကို အနေတော် အရိုးနွှင်ပြီး အနေတော်လှီးဖြတ်ထားလိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲတွင် ထမင်းနဲ့ ကြက်သားများကို အစီအရီပုံထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သား ကြက်ဆီထမင်းလေး ရရှိသွားပါပြီ။

Source: Thespruceeats.com