ဒီတခါမှာတော့ အားလုံးလည်းကြိုက်ကြပြီး စားဖြစ်လေ့ရှိတဲ့ ကြက်ဆီထမင်းပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ အရမ်းလည်း မအီစေဘဲ အရသာရှိရှိလေး ချက်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ရင်အုံသား (သို့) ပေါင်သား ၄ ခု
  • ဆန် (၃ လုံး)
  • ဆား
  • ပဲငံပြာရည်အနောက် အနည်းငယ်

  • နံနံပင် တစ်စည်း ရေဆေးထားပြီး အမြီးဖြတ်ထားပါ
  • သခွားသီ
  • ဂျင်း အနည်းငယ်
  • ကြက်သွန်ဖြူ နုတ်နုတ်စဉ်းအနည်းငယ်

ပြင်ဆင်နည်း

ပထမဆုံး ကြက်သားကို ရေသန့်စင်အောင်ဆေးကြောပြီး ငံပြာရည်အနောက်၊ ဆား၊ သကြား၊ ကြက်သားမှုန့် တို့နှင့် ရောနယ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်၍ ချင်း (ဂျင်း) ကို ပါးပါးလှီးထားပါ။

ပြီးရင်တော့ ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာတဲ့အခါ ကြက်သွန်ဖြူနဲ့ ချင်းကိုထည့်ပြီး ဆီသတ်ပါ။ အနံ့လေးမွှေးလာပြီဆိုရင်တော့ ကြက်အရေခွံကို ကိုထည့်လိုက်ကာ ကြော်လိုက်ပါ။ အရေခွံ အညိုရောင်သန်းလာရင် ရပါပြီ။

ဆီကို သတ်သတ်ဖယ်ပေးထားလိုက်ပါ။ ပြီးရင် ကြက်သားကို ရေနဲ့ ပြုတ်ပေးလိုက်ပါ။ နူးနေအောင်ပြုတ်ပေးလိုက်ပါ။

ဆန်ကိုတော့ ရိုးရိုးရေနဲ့ ချက်လို့ရသလို ရေအစား ကြက်ပြုတ်ရည်နဲ့ ပေါင်းအိုးထဲမှာ ထည့်ပြီး ချက်လိုက်လို့ရပါတယ်။ ထမင်းကျက်ပြီဆိုရင်စောစောက ကြက်အရေခွံကြော်ထားတာကို ထည့်လိုက်ပြီး နှံ့အောင်မွှေပေးလိုက်ကာ မိနစ်အနည်းငယ် နွေးထားလိုက်ပါ။

ပြီးရင်တော့ ကြက်ဆီထမင်းရပါပြီနော်။ ကြက်သားကို ပါးပါးလှီးလိုက်ပြီး အရသာရှိတဲ့ ကြက်ဆီထမင်းပူပူကို ထမင်းပန်းကန်ထဲထည့် ကြက်ဆီထမင်းနဲ့ လိုက်ဖက်တဲ့ သခွားသီး၊ နံနံပင်လေးနဲ့ တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

By: MyFood Myanmar