ချိစ်၊ နွားနို့၊ ဂျုံမှုန့်၊ ကြက်သွန်မြိတ် စတဲ့ ပါဝင်ပစ္စည်းစုံစုံလင်လင်ဖြင့် အရသာရှိအောင် ပြုလုပ်ထားတဲ့ ဝက်ပေါင်ခြောက် ကြက်ဥပန်ကိတ်ပြုလုပ်နည်းကို မိမိအားလပ်ချိန်လေးမှာ လုပ်စားလို့ရအောင် စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • မုန်ညှင်းနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဂျုံမှုန့် ၁၂၀ ဂရမ်
  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း

  • ချိစ် ၆၅ ဂရမ် (ချိစ်ချောင်းများရအောင် ခြစ်ပြားဖြင့် ခြစ်ချထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဝက်ပေါင်ခြောက် ၅ ချပ် (၄ အောင်စ) လေးထောင့်အတုံးငယ် တုံးထားပါ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥ ၃ လုံး၊ မုန်ညှင်းနှစ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် မွှေခလောက်ထားပါ။

၂။ ဂျုံမှုန့်ထည့်ကာ သမအောင် ရောမွှေပါ။

၃။ နွားနို့ တဖြည်းဖြည်းချင်းစီ လောင်းထည့်ပြီး မုန့်နှစ်ပျစ်ပျစ်လေးရအောင် မွှေပေးလိုက်ပါ။

၄။ ထို့နောက် ကြက်သွန်မြိတ်နှင့် ချိစ်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ကာ အရည်ဖျော်လိုက်ပါ။ ထောပတ်အရည်ပျော်သွားပါက ဒယ်အိုးမျက်နှာပြင်အနှံ့ ထောပတ်ပျံ့နှံ့သွားဖို့ရန်အတွက် အိုးကို အနည်းငယ် လှည့်စောင်းရပါမယ်။

၆။ ပြီးရင်တော့ ဝက်ပေါင်ခြောက်များထည့် ဖြူးထည့်ပါ။

၇။ ထို့နောက် ကြက်ဥ ဂျုံမှုန့်အရောအနှောများကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်ပါ။ ကြက်ဥအောက်ခြေက ရွှေညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ မိနစ်အနည်းငယ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

Oven နဲ့ ကြော်ချင်တယ်ဆိုသူများအတွက်ကတော့ ကြက်ဥမုန့်နှစ် လောင်းထည့်ပြီးပြီဆိုတာနဲ့ ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲတွင် မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထည့်ကာ အပူပေးထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ပေါင်ခြောက် ကြက်ဥပန်ကိတ်လေး ရရှိသွားပါပြီ။

Source: Onceuponachef.com