အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အသားညှပ်ဘာဂါ ကြိုက်နှစ်သက်သူများအတွက် မိမိအိမ်မှာ Oven တစ်လုံးရှိရုံနဲ့ အလွယ်တကူ လုပ်စားနိုင်တဲ့ ဝက်သားညှပ် ချိစ် မီနီဘာဂါ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် အလုံးသေးများ ၁၂ လုံးခန့်
  • ဝက်ပေါင်ခြောက် ဝ.၅ ပေါင်
  • ချိစ် ဝ.၅ ပေါင်
  • ထောပတ်ချောင်း ၁ ခဲ
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း

  • မုန်ညှင်းနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Ketchup ဆော့စ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

Oven ထဲထည့်မယ့် လင်ဗန်းကို ဟင်းချက်စပရေး ဖြန်းထားလိုက်ပါ။

၂။ ပေါင်မုန့်လုံးများကို ထက်ခြမ်း ခြမ်းပြီးနောက် ပေါင်မုန့်အောက်ခြေအသားကို လင်ဗန်းပေါ် တင်ထားလိုက်ပါ။

ထို့နောက် ချိစ် အနည်းငယ်ထည့်ပါ။ ထို့နောက် ဝက်ပေါင်ခြောက်ထည့်ပါ။ ဝက်ပေါင်ခြောက်အပေါ်တွင် ချိစ် တင်ထားလိုက်ပါ။ ထို့နောက် ပေါင်မုန့်အပေါ်သားဖြင့် ပိတ်လိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ထောပတ်ကို အရည်ဖျော်ပါ။ ထောပတ် အရည်ပျော်သွားပါက သကြားညို၊ မုန်ညှင်းအနှစ်၊ နှမ်းစေ့၊ ကြက်သွန်ဖြူအမှုန့်၊ ခရမ်းချဉ်သီး Ketchup ဆော့စ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ ရရှိလာတဲ့ ထောပတ်ရည် အရောအနှောများကို ပေါင်မုန့်လုံးပေါ်တွင် သုတ်လိမ်းလိုက်ပါ။ ပိုလျှံနေသော ထောပတ်ရည်များကို ပေါင်မုန့်လုံးများ အကြား လောင်းထည့်ပေးနိုင်ပါတယ်။

၅။ ထို့နောက် ထိုလင်ဗန်းကို ခဲဖတ်ဖြင့် လုံအောင် အုပ်ထားပြီးနောက် Oven ထဲတွင် မိနစ် ၂၀ ခန့် ထည့်ဖုတ်လိုက်ပါ။ မိနစ် ၂၀ ပြည့်ပါက ခဲဖတ်ကို ဖယ်ရှားလိုက်ကာ Oven ထဲတွင် နောက်ထပ် ၁၀ မိနစ်ခန့် ထည့်ဖုတ်ရပါမယ်။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားညှပ် ချိစ် မီနီဘာဂါလေး ရရှိသွားပါပြီ။

Source: Lilluna.com