အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ်ရော အဆာပြေမုန့်အဖြစ်ပါ စားသုံးနိုင်တဲ့ ဝက်သား ကြက်ဥမုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၉ လုံး (မိမိပြုလုပ်ချင်သည့် အရေအတွက်ပေါ် မူတည်ပြီး ကြက်ဥအရေအတွက်လည်း ပြောင်းလဲသွားနိုင်ပါတယ်)
  • ဂျုံပြား ၁ ပြား
  • ကြက်သွန်မြိတ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဝက်သား အနည်းငယ် (အတုံး သေးသေး တုံးထားလိုက်ပါ)
  • ကိတ်မုန့် ဖုတ်သည့် ပုံစံခွက်ငယ် လင်ဗန်းတစ်ခု

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျုံပြားကို ညီတူညီမျှ ၉ ခု ပိုင်းဖြတ်လိုက်ပါ။ ထိုဂျုံပြားများကို ပုံစံခွက်ငယ်ထဲ ထည့်လိုက်ပါ။ ထို့နောက် ကြက်ဥ တစ်လုံးစီ ဖောက်ထည့်လိုက်ပါ။ ဝက်သားတုံးများကို ပုံစံခွက်ထဲ အညီအမျှ ခွဲထည့်ပေးလိုက်ပါ။

၂။ Oven ကို ၃၇၅ ဒီဂရီဖြင့် အပူပေးထားလိုက်ပါ။ ထို့နောက် အကင်လင်ဗန်းကို Oven ထဲထည့်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

၃။ အချိန်ပြည့်သွားပါက Oven ထဲက ထုတ်ပြီး ကြက်သွန်မြိတ်၊ ဆားနှင့် ငရုတ်ကောင်းတို့ ဖြူးထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိလည်း အမြင်လည်းလှတဲ့ လှေပုံသဏ္ဍာန် ဝက်သား ကြက်ဥမုန့်လေး ရရှိသွားပါပြီ။

ထို့နောက် ပန်းကန်ထဲ ပြောင်းထည့်ပြီး အအေးခံကာ အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။ ကော်ဖီ၊ နွားနို့ (သို့မဟုတ်) မိမိကြိုက်နှစ်သက်ရာ အအေးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့အရသာကို မြည်းစမ်းကြည့်နိုင်မှာပဲဖြစ်ပါတယ်။

Source: pinchofyum.com