အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ် စားသုံးဖို့ရန်အတွက် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥ Cupcake ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နွားနို့ ၂၅၀ မီလီလီတာ
  • ချိစ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဂျုံပြား ၂ ပြား

  • ကြက်ဥ ၁၉ လုံး (၁ လုံးကို မွှေခလောက်ထားပါ)
  • ဝက်သားပြား ၉ ပြား (အန်စာတုံးငယ် ပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • ကြက်သွန်မြိတ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ဒယ်အိုးတစ်လုံးတွင် ထောပတ်ကို အရည်ဖျော်လိုက်ပါ။ ထို့နောက် ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ နွားနို့ကို ဖြည်းညှင်းစွာလောင်းထည့်ပြီးနောက် သမအောင် မွှေပေးလိုက်ပါ။ ဆူပွက်လာပြီး အရည်လည်း  ပျစ်သွားပြီဆိုရင်တော့ ချိစ်ထည့်ပါ။ ဆားထည့်ပြီး သမအောင် ထပ်မွှေပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲ ဆယ်ထည့်ထားပါ။

၃။ ဂျုံပြားကို ဒလှိမ့်တုံးဖြင့် ပြားနေအောင် လှိမ့်ပေးလိုက်ပါ။ ဂျုံပြားတစ်ပြားချင်းစီကို ၉ စိပ် အညီအမျှစိတ်လိုက်ပါ။ ရရှိလာတဲ့ ဂျုံပြားများကို Cupcake ဖုတ်တဲ့ ပုံစံခွက် လင်ဗန်းငယ်ထဲ ထည့်ထားလိုက်ပါ။ ထို့နောက် ချိစ်အနှစ်များ အညီအမျှ ခွဲထည့်လိုက်ပါ။

၄။ ကြက်ဥ တစ်လုံးချင်းစီကို ထိုခွက်ထဲသို့ ဖောက်ထည့်လိုက်ပါ။ ဝက်သားများကိုလည်း အညီအမျှ ခွဲထည့်ပေးလိုက်ပါ။ ထို့နောက် Oven ထဲတွင် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ထားတဲ့အချိန်ပြည့်ပါက Oven ထဲက ထုတ်ပြီး ကြက်သွန်မြိတ်၊ ဆားနှင့် ငရုတ်ကောင်းအနည်းငယ်တို့ဖြူးထည့်ကာ ပူပူနွေးနွေး စားသုံးနိုင်ပါပြီ။

Source: Pinchofyum.com