အားလုံးပဲ မင်္ဂလာပါ။ ရေခဲမုန့်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း ၃ မျိုး (သို့) ၄ မျိုးခန့်ရှိရုံနဲ့တင် အလွယ်တကူ လုပ်စားနိုင်တဲ့ ဘယ်ရီသီး ဒိန်ချဉ်ရေခဲမုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီးနှင့် အခြားဘယ်ရီသီးများ ပန်းကန်လုံးအသေး ၂ လုံးစာ
  • ဒိန်ချဉ် ပန်းကန်လုံးအသေး တစ်ဝက်စာ (စားပွဲတင်ဇွန်း ၈ ဇွန်း)
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် (သို့) ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ဘယ်ရီသီးများကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက် ရွက်ညှာများ ဖယ်ရှားထားပါ။ ထို့နောက် ဘယ်ရီသီးများ အေးခဲနေဖို့ရန်အတွက် ရေခဲသေတ္တာထဲတွင် ကြိုတင်အအေးခံထားပါ။

၂။ ဘယ်ရီသီးများ ရေခဲရိုက်ထားသလို အေးခဲနေပြီဆိုရင်တော့ ဖျော်စက်ထဲ ထည့်ပါ။ ဒိန်ချဉ် စားပွဲတင်ဇွန်း ၈ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံပုယိုရည် (သို့) ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ အနှစ်များဖြစ်သွားသည်အထိ မွှေဖျော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ဘယ်ရီနှစ်များကို ဘူးအလွတ်တစ်လုံးထဲထည့်ပါ။ လေလုံအောင် ဖုံးအုပ်ပြီးတဲ့နောက်မှာ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၃ နာရီမှ တစ်ညတာအထိ အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အေးခဲနေတဲ့ ဘယ်ရီသီး ဒိန်ချဉ်ရေခဲမုန့်လေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်တဲ့အချိန်မှာ အချိန်မရွေး သုံးဆောင်နိုင်ပါတယ်။

ထိုရေခဲမုန့်က ရက်သတ္တပတ် ၂ ပတ်တိတိ အထားခံပါတယ်။

စာဖတ်သူ Foodies လေးတို့အနေနဲ့ ဘယ်ရီသီးများအစား ထောပတ်သီး၊ ငှက်ပျောသီး စတဲ့ မိမိကြိုက်နှစ်သက်ရာ သစ်သီးဝလံများကိုလည်း အစားထိုးအသုံးပြုပြီး မိမိကိုယ်ပိုင်ရေခဲမုန့်အဖြစ် ဖန်တီးစားသုံးနိုင်ပါသေးတယ်။

Source: Gimmedelicious.com