မေမေတို့အနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးလေးတွေအတွက် နေ့လည်စာကို တစ်နေ့တစ်မျိုးမရိုးရအောင် ပြင်ဆင်ရတာ ခေါင်းစားနေလောက်မယ်ထင်ပါတယ်။အကယ်၍ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေက အစားအသောက်ချေးများတယ်ဆိုရင်ပိုပြီးတောင်ခေါင်းစားရပါအုန်းမယ်။ဒီနေ့မှာတော့ မေမေတို့အနေနဲ့ ပုံမှန်ချက်ကျွေးနေကျ နေ့လည်စာလေးတွေနဲ့ မတူပဲ အရသာလည်းရှိ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး သားသားမီးမီး လေးတွေခံတွင်းတွေ့စေမယ့် အစားအသောက်ကောင်းလေးတစ်ချို့ကိုပြောပြပေးချင်ပါတယ်။

(၁) အသီးအရွက်စုံထမင်းသုပ်

အသီးအရွက်စုံထမင်းသုပ်လေးဟာဆိုရင် သားသားမီးမီးတို့ အတွက်ကျန်းမာရေးနဲ့ညီညွှတ်ပြီး အရသာရှိတဲ့နေ့လည်စာလေးတစ်မျိုးဖြစ်ပါတယ်။အသီးအရွက်စုံထမင်းသုပ်ထဲမှာဆိုရင် လက်ဆက်တဲ့အသီးအရွှက်တွေများစွာပါဝင်တဲ့အတွက် ကလေးတွေကို အားအင်ပြည့်ဝစေမှာဖြစ်ပါတယ်။ထမင်းသုပ်မှာပါဝင်တဲ့ထမင်းကိုလည်း ဆန်လုံးညိုအသုံးပြုပေးရင်ပိုကောင်းပါတယ်။ဆန်လုံးညိုမှာ ပရိုတင်းဓာတ် အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး လတ်ဆတ်တဲ့ဟင်းသီးဟင်းရွှက်တွေရဲ့ ချိုမြိန်တဲ့အရသာကြောင့် သားသားမီးမီးလေးတို့ အကြိုက်တွေ့စေမှာသေချာပါတယ်။

(၂) ထောပတ်သီးပေါင်မုန့်မီးကင်

ထမင်းပဲနေ့တိုင်းစားရတာငြီးငွေ့လာတယ်ဆိုရင်တော့ သားသားမီးမီးလေးတွေ ခံတွင်းတွေ့စေမယ့် ထောပတ်သီးပေါင်မုန့် မီးကင်လေးတွေကို နေ့လည်စာအဖြစ်ပြင်ဆင်ပေးဖို့အကြံပြုချင်ပါတယ်။တစ်ခါတစ်လေမှာ ရာသီဥတုကြောင့်ဖြစ်စေ ကျန်းမာရေး ကြောင့်ဖြစ်စေ ထမင်းစားချင်စိတ်မရှိတဲ့ရက်တွေမှာ သားသားမီးမီးတို့အတွက် ထောပတ်သီးပေါင်မုန့်မီးကင်လေးကတကယ်ကိုခံတွင်းတွေ့စေမှာပါ။ထောပတ်သီးကိုသမအောင်မွှေထားတဲ့အနှစ်လေးနဲ့ မီးကင်ထားတဲ့ကြွပ်ကြွပ်ယွယွပေါင်မုန့်သားလေးတွေက သားသားမီးမီတို့ ပါးစပ်ထဲမှာအရသာရှိနေမှာသေချာပါတယ်။

(၃) သီးစုံအမဲသားဟင်းချို

ကလေးအများစုက အရည်သောက်ဟင်းချိုပါတဲ့နေ့ဆိုရင်ပိုပြီး ထမင်းစားမြိန်ကြပါတယ်။ဒါကြောင့်ဟင်းချိုကြိုက်တဲ့သားသားမီးမီးလေးတွေအတွက် တကယ့်ကိုအရသာလေးနက်ပြီး အားရှိစေမယ့် သီးစုံအမဲသားဟင်းချိုလေးကိုသာ ပြင်ဆင်ပေးလိုက်ပါတယ်။ဟင်းချိုထဲမှာဆိုရင် ခရမ်းချဉ်သီး အားလူး မုန်လာဥနီ ပဲစိမ်းသီး တရုတ်နံနံပင် ကြက်သွန်နီ ပြောင်းဖူး အစရှိသဖြင့် အသီးအရွှက်စုံစုံလင်လင်ထည့်နိုင်ပါတယ်။အမဲသား အစားတဲ့သားသားမီးမီးတို့အတွက် ကြက်သားနဲ့လည်းအစားထိုးချက်ပြုတ်နိုင်ပါတယ်။

(၄) စပျစ်သီးကြက်သားသုပ်

မေမေတို့အနေနဲ့သားသားမီးမီးလေးတွေရဲ့အဟာရအတွက် ကြက်သားကိုမကြာခဏ ပြုတ်၍ဖြစ်စေ ကြော်၍ဖြစ်စေကျွေးကြမယ်ထင်ပါတယ်။ဒီတစ်ခေါက်တော့ပုံမှန်ပြုလုပ်နေကြဟင်းလျာနဲ့မတူတဲ့ စပျစ်သီးကြက်သားသုပ်လေးကိုသားသားမီးမီးတို့အတွက်ပြင်ဆင်ပေးကြည့်ပါ။စပျစ်သီးကြက်သားသုပ်မှာတော့ ပြုတ်ထားတဲ့ကြက်သားရယ် ထက်ခြမ်း ခြမ်းပြီး အစေ့ထုတ်ထားတဲ့ စပျစ်သီးရယ်ကို နှစ်သက်ရာ Salad Dressing အနည်းငယ်ထည့်ပြီး လွယ်ကူရိုးရှင်းစွာပြင်ဆင်လိုက်ရုံပါပဲ။

Source – Thespruceeats