အလုပ်များတဲ့ ရက်သတ္တပတ်တွေမှာ မိသားစုအတွက် အမြန်စားလိုတဲ့အခါမျိုးတွေမှာ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ နေ့လည်စာ သို့မဟုတ် ညစာ ကို စဥ်းစားနေတယ်ဆိုရင် Mini Corn Dogs လေးကိုသာ သတိရလိုက်ပါ။ ချစ်ဖို့ကောင်းတဲ့ Mini Corn Dogs လေးက ရိုးရှင်းပြီး အရသာရှိတဲ့ ဟင်းလျာဖြစ်တာမလို့ ကလေးတွေလည်းကြိုက်မှာပါ။

ပါဝင်ပစ္စည်းများ

  • Cornbread Mix 1 ဗူး (8.5 အောင်စ တစ်ဗူး)
  • ကြက်ဥ ၁ လုံး
  • နို့ ⅓ ခွက်
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ¼ ဇွန်း
  • ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ¼ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ¼ ဇွန်း
  • ဟော့ဒေါ့ ၄ ချောင်းကို ပိုင်းဖြတ်ထားပါ

ချက်ပြုတ်နည်းအဆင့်ဆင့်

  • မီးဖိုကို 400 ဒီဂရီ ဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးပါ။ အလတ်စား ဇလုံတစ်ခုထဲမှာ ဟော့ဒေါ့ကလွဲပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို သမအောင်မွှေပေးပါ။
  • မွှေထားတဲ့မုန့်အနှစ်တွေကို Muffin ခွက်တစ်ခုစီတွင် ထည့်ပြီး Muffin တစ်ခုစီရဲ့အလယ်မှာ ဟော့ဒေါ့တစ်ပိုင်းကို ညင်သာစွာ ဖိပေးပါ။
  • ရွှေညိုရောင်ပြောင်းပြီး ကျက်တဲ့အထိ ၈ မိနစ်မှ ၁၀ မိနစ်ခန့် မီးဖုတ်ပေးပါ။ ကျက်သွားတဲ့အခါ Muffin ကနေမထုတ်ခင် မိနစ်အနည်းငယ်လောက် အအေးခံပေးပါ။

Source: blessthismessplease