သားသားမီးမီးတို့ရဲ့ နေ့လည်စာကို ခါတိုင်းထည့်ပေးနေကျ ထမင်းနဲ့ဟင်းမဟုတ်ဘဲ အာဟာရလည်းရှိပြီး ချစ်စဖွယ်ပုံစံလေးရှိတဲ့ ထမင်းဘူးလေးပြင်ဆင်ပြီး ထည့်ပေးလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

ဂျုံမုန့်အပါး

အရိုးထုတ်ပြီးသား ကြက်သားကြော်

ခရင်မ်ချိစ်

သခွားသီး

ငရုတ်ပွသီး

မုန်လာဥနီ

ပဲသီးစိမ်းအပြုတ်

ငှက်ပျောသီး

ချယ်ရီခရမ်းချဉ်သီး

ပြင်ဆင်ချက်ပြုတ်နည်း

ဦးစွာအနေနဲ့ Peta လို့ခေါ်တဲ့ ရိုးရိုးဂျုံမုန့် ကို ပါးသွားအောင် လှိမ့်ပေးပါ။

ထို့နောက် အရိုးမပါတဲ့ ကြက်သားကို ရေဆေးကာ လိုအပ်တဲ့ ဆား၊ ဆနွင်း၊ အချိုမှုန့် တို့ထည့်ပြီး ကြော်လိုက်ပါ။

ပြီးလျှင် ဂျုံမုန့်ထဲထည့်လှိမ့်မယ့် မုန်လာဥနီ၊ သခွားသီး၊ ငရုတ်ပွသီးတို့ကို ရေစင်အောင်ဆေးပြီး အရွယ်အစားညီအောင်လှီးလိုက်ပါ။

လှီးပြီးပါက Peta ဂျုံမုန့်ပေါ်ကို ခရင်ချိစ်နှံ့အောင် သုတ်ပေးလိုက်ပါ။

ပြီးလျှင်တော့ ကြက်သားနှင့်အတူ မုန်လာဥနီ၊ သခွားသီး၊ ငရုတ်ပွ၊ ပြုတ်ထားသည့် ပဲသီးစိမ်း တို့ကို ညီညာအောင်ဖြန့်ပေးပါ။

ဆူရှီလို သေသေချာချာလေး စလိပ်ပါ။ ဒီလိုလေးလိပ်ပြီးသွားရင်တော့ သပ်သပ်ရပ်ရပ်ဖြစ်အောင်လှီးပေးပြီး ပန်းကန်ထဲမှာထည့်လိုက်ပါ။

ကလေးတွေအတွက် စားချင်စဖွယ်ဖြစ်အောင် အလှဆင်ချင်တယ်ဆိုရင်တော့ မခွာရသေးတဲ့ ငှက်ပျောသီး ထောင်လို့ရအောင် ၃ ပုံ၂ ပုံ လှီးပေးလိုက်ပါ။

အညှာကို လင်းပိုင်ပါးစပ်ပုံစံလေးလုပ်ကာ ချယ်ရီခရမ်းချဉ်သီးလေးကို ညှပ်ပေးလိုက်မယ်ဆိုရင်တော့ သားသားမီးမီးတို့ သဘောကျမယ့် နေ့လည်စာလေးကို ရပါပြီ။

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင် ကလေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အာဟာရဓာတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ချောကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အာဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILO က ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ကို မဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။