ဒီတစ်ခါမှာတော့ အနောက်တိုင်းဆန်ပြီး အာဟာရလည်းရှိတဲ့ ကြက်ဥမနက်စာ Breakfast ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ တစ်နေ့တာလုံးအတွက် မနက်စာ Breakfast ကို ဘာမှမစားပဲမနေသင့်ပါဘူး။ အာဟာရရှိတာကို ဗိုက်ပြည့်အောင် သေချာစားဖို့ လိုအပ်ပါတယ်။

စတင်ပြုလုပ်ဖို့ ကြက်ဥ – ၅ လုံးကိုဖောက်ထည့်ပြီး ဆားနဲ့ ငရုပ်ကောင်းမှုန့်ကို သင့်တော်သလောက် ချိန်ထည့်ပြီး ခလောက်ထားပေးပါ။

မုန့်ဖုတ်ရမှာဖြစ်တဲ့အတွက် ပုံစံခွက် Pan ရှိရပါမယ်။ Pan ထဲကို သံလွင်ဆီ (သို့) ထောပတ်သုတ်ပြီး ဟင်းနုနွယ် နည်းနည်းလှီးထည့်၊ ကြက်သွန်နီ နည်းနည်းလှီးထည့်၊ ခရမ်းချဉ်လေးတွေ လှီးထည့်ပြီး ခလောက်ထားတဲ့ ကြက်ဥတွေကို ထည့်ပေးပါ။

အားလုံးပြီးရင်တော့ မုန့်ဖုတ်စက်ထဲမှာ ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ မိနစ် ၂၀ လောက်ထည့်ထားပေးပါ။

အချိန်ပြည့်ရင်တော့ ပန်းကန်ထဲထည့်ပြီး ကိုယ်အဆင်ပြေသလို စားသုံးနိုင်ပါပြီ။ ကလေးလူကြီးမရွေး စားသုံးဖို့ သင့်တော်တာကြောင့် စိတ်ချလက်ချစားသုံးနိုင်တဲ့ အာဟာရရှိတဲ့ ကြက်ဥ မနက်စာ Breakfast လေးပါ။

Source: www.theseriousfitness