(Zawgyi)
အားလုံးပဲ မင်္ဂလာပါ။ အသားအရေလှပစေပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့သွားရေစာ စားချင်သူများအတွက် ဒီတစ်ခါမှာတော့ သီးစုံ သစ်သီးသုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- စတော်ဘယ်ရီးသီး ၆ လုံး
- ဘလူးဘယ်ရီသီး ၆ လုံး
- ရက်စ်ဘယ်ရီသီး ၈ လုံး
- လိမ္မော်သီး ၂ လုံး
- သစ်တော်သီး ၁ လုံး
- ပန်းသီး ၁ လုံး
- ကီဝီသီး ၂ လုံး
- သရက်သီး ၁ လုံး
- ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- နို့ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ စတော်ဘယ်ရီသီးကို လေးစိပ် စိပ်ပါ။ လိမ္မော်သီးကို အခွံခွာပြီး အစိပ်လေးများ စိပ်ထားလိုက်ပါ။ လိမ္မော်စိပ်အချို့ကိုတော့ အရည်များရအောင် ညှစ်ထားလိုက်ပါ။ သရက်သီး၊ ပန်းသီး၊ ကီဝီနှင့် ပန်းသစ်တော်တို့ကိုလည်း အတုံးငယ်များ တုံးထားလိုက်ပါ။
၂။ ဇလုံတစ်လုံးထဲတွင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နို့ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် လိမ္မော်ရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။
၃။ ထို့နောက် စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသီး၊ ကီဝီသီး၊ သရက်သီးတို့ကို ထိုဇလုံထဲထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။
ရရှိလာတဲ့ သစ်သီးသုပ်ကို ပန်းကန်လုံးထဲထည့်ကာ အရသာရှိရှိ စားသုံးနိုင်ပါပြီ။
Source: Asianfoodchannel.com
ပါဝင်ပစ္စည်းများ
- စတော်ဘယ်ရီးသီး ၆ လုံး
- ဘလူးဘယ်ရီသီး ၆ လုံး
- ရက်စ်ဘယ်ရီသီး ၈ လုံး
- လိမ္မော်သီး ၂ လုံး
- သစ်တော်သီး ၁ လုံး
- ပန်းသီး ၁ လုံး
- ကီဝီသီး ၂ လုံး
- သရက်သီး ၁ လုံး