တချို့သူတွေက ၀ိတ်လည်းကျချင်တယ်၊ အစာမစားပဲလည်းမနေနိုင်ကြပါဘူး။ အရသာရှိတာတွေဆိုလည်း အရမ်းစားချင်ကြတယ်။ ဒီလိုလူတွေအတွက်အကောင်းဆုံးကတော့ Smoothie Bowl ပါပဲ။ Smoothie Bowl ဆိုတာကတော့ Smoothie တွေကိုလုပ်ပြီး ပန်းကန်လုံးထဲကိုထည့်ထားတာကို ဆိုလိုတာပါ။

ညနေစာကို အဆီတက်စေမယ့်အစားအစာတွေနဲ့ ထမင်းကိုလုံးဝမစားပဲ Smoothie Bowl ကိုပဲ တစ်ပန်းကန်စားသုံးပေးပါ။ Smoothie Bowl ဟာ အရသာရှိတဲ့အသီးတွေကိုရောပြီး လုပ်ထားတာဖြစ်လို့ အရသာရှိတဲ့အပြင် မြင်လိုက်တာနဲ့ စားချင်စဖွယ်လေးဖြစ်နေပါတယ်။ ဒါကြောင့် ၀ိတ်ကျချင်သူတွေအတွက် အကောင်းဆုံးညနေစာဖြစ်တဲ့ Smoothie Bowl ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

Smoothie Bowl လုပ်ရမယ့်ပုံစံလေးကတော့ Blander ထဲကို Almond Milk ခွက်ရဲ့လေးပုံပုံတစ်ပုံစာထည့်ပါ။ အတုံလေးတွေတုံးပြီး အအေးခံထားတဲ့သရက်သီးကို ခွက်တစ်ဝက်စာထည့်ပါ။ ပါးပါးလှီးထားတဲ့ငှက်ပျောသီး တစ်လုံး၊ ပါးပါးလှီးထားတဲ့ကီဝီသီး တစ်လုံးနဲ့ စွံပလွံသီး နှစ်လုံးတို့ကိုထည့်ပါ။ နောက်ဆုံးမှာတော့ သံပုရာသီး စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး မွှေပေးပါ။

Source: www.youtube.com

မွှေပြီးသွားတဲ့အခါမှာတော့ ပန်းကန်လုံးထဲထည့်ပြီး အပေါ်ကနေ ကိုယ်ကြိုက်နှစ်သက်ရာ Topping လေးတွေတင်ပြီး စားသုံးနိုင်ပါတယ်။ ညနေစာကို ဘာမှမစားပဲ Smoothie Bowl တစ်ခွက်ပဲစားပါ။ တစ်ခွက်ကအများကြီးဖြစ်တဲ့အတွက် ဗိုက်ပြည့်စေမှာပါ။ ဗိုက်လည်းပြည့်၊ ၀ိတ်လည်းကျဆိုတော့ အရမ်းအဆင်ပြေတာပေါ့။

Source: www.youtube.com