ပြီးပြည့်စုံတဲ့ မိသားစုထမင်းဝိုင်းလေးတစ်ခုဖြစ်ဖို့ဆိုတာ အရသာရှိတဲ့ ဟင်းပွဲလေးတွေ ပါဝင်ဖို့လိုပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဝက်သားတို့ဟူးပေါင်း ပြုလုပ်နည်းလေးကို အသုံးချပြီး ပြီးပြည့်စုံတဲ့ မိသားစုထမင်းဝိုင်းလေး ဖန်တီးလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

• တို့ဟူး ၁၂ အောင်စ
• ဝက်သား ၅၅ ဂရမ်
• ပဲငံပြာရည်၊ နှမ်းဆီ၊ ဟင်းချက်ဝိုင်၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းစီ
• ပြောင်းမှုန့်နှင့် ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
• ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ဝက်သားကို နုပ်နုပ်စဉ်းထားပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားပြီးနောက် ပဲငံပြာရည်၊ နှမ်းဆီ၊ ဟင်းချက်ဝိုင်၊ ခရုဆီ၊ ပြောင်းမှုန့်နှင့် ဂျင်းအမှုန့်တို့ ထည့်ကာ သမအောင် နယ်ဖတ်လိုက်ပါ။ ပြီးရင်တော့ အသားထဲစိမ့်ဝင်သွားဖို့အတွက် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ တို့ဟူးကို ပန်းကန်လုံးတစ်လုံးထဲထည့်ထားပြီးနောက် လက်မဝက်အထူခန့် လှီးဖြတ်လိုက်ပါ။ ထို့နောက် စောစောက နယ်ဖတ်ထားသော ဝက်သားများကို တို့ဟူးတုံးပေါ် တင်ထားလိုက်ပါ။

၃။ ထိုတို့ဟူးပန်းကန်ကို ပေါင်းအိုးထဲထည့်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပေါင်းထားရပါမယ်။

၄။ အသားရော တို့စူးပါ ကျက်သွားပြီဆိုရင်တော့ ပေါင်းအိုးထဲက ထုတ်လိုက်လို့ရပါပြီ။ ထို့နောက် ကြက်သွန်မြိတ်လေးကို တို့ဟူးပေါ်သို့ ဖြူးထည့်လိုက်ပါ။


ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားတို့ဟူးပေါင်းလေး ရရှိသွားပါပြီ။ ထမင်းပူပူလေးနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com