အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရေခဲမုန့်ချစ်သူများအတွက် ပါဝင်ပစ္စည်း (၂) မျိုးတည်းနဲ့ ပြုလုပ်နိုင်တဲ့ ရေခဲမုန့်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ဒီရေခဲမုန့်ကတော့ မည်သည့်ခရင်မ်နဲ့ နို့ဆီ၊ နို့စိမ်းတို့ကို အသုံးမပြုထားဘဲ သစ်သီးချည်းပဲ သီးသန့်အသုံးပြုထားတဲ့အတွက် ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ရေခဲမုန့်ဆိုလည်း မမှားပါဘူး။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၄ လုံး
  • စတော်ဘယ်ရီသီး ၄၅၀ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးများကို အခွံခွာပြီး မထူမပါး လှီးဖြတ်ထားပါ။ စတော်ဘယ်ရီသီးများကို ရေဆေးပြီးနောက် ဖတ်ရွက်စိမ်းများကို ဖယ်ရှားထားပါ။ ထို့နောက ်ပါးပါးလှီးပါ။

၂။ လင်ဗန်းပေါ်တွင် ဆီစုပ်စက္ကူ ခံထားပါ။ ထိုစက္ကူပေါ်တွင် ငှက်ပျောသီးနှင့် စတော်ဘယ်ရီသီးများ ထည့်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် အအေးခံထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်လို့ သစ်သီးများ အေးခဲသွားတဲ့အခါမှာတော့ သစ်သီးဖျော်စက်ထဲထည့်ကာ အနှစ်များ ဖြစ်သွားသည်အထိ ဖျော်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ သစ်သီးအနှစ်များကို လေလုံဘူးအကြီးထဲ ထည့်ပါ။ ထို့နောက် အလုံပိတ်ကာ ရေခဲသေတ္တာထဲတွင် ၃ နာရီ၊ ၄ နာရီခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ စတော်ဘယ်ရီ ငှက်ပျောသီးရေခဲမုန့်လေးများ ရရှိသွားပါပြီ။

စာခါနီးကျရင်တော့ ၁၀ မိနစ်ခန့် ရေခဲသေတ္တာထဲက ကြိုထုတ်ထားပေးလိုက်ပါ။

ဆေးသကြားနဲ့ အခြားသော ဓာတုဆိုးဆေးများ မပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေး ထိခိုက်မှာကိုလည်း စိုးရိမ်စရာမရှိပါဘူး။

Source: Notenoughcinnamon.com