လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှလုံးအားကောင်းနေမှ တစ်နေ့တာလုပ်ငန်းဆောင်တာတွေ၊ လူမှုရေးကိစ္စတွေကို စိတ်အားထက်သန်စွာနဲ့ ပြုလုပ်နိုင်မှာပါ။

ဒီလိုအဖက်ဖက်က အရေးကြီးတဲ့ နှလုံးကျန်းမာနေဖို့အတွက် အစားအသောက်ကိုလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။ အဆီတက်မယ့် အစားအစာတွေ အသားကုန်စားပြီးတော့ နှလုံးသွေးကြောကျဉ်းရောဂါတွေမဖြစ်ရအောင် အင်မတန်သတိထားရပါမယ်။

အခုဖော်ပြပေးမှာကတော့ ကယ်လိုရီ ၂၀၀ အောက်မှာရှိတဲ့ သရေစာတွေဖြစ်ပြီးတော့ အချိန်မယူ လက်မဝင်တဲ့ သရေစာလေးတွေပဲဖြစ်ပါတယ်။

၁။ နာနတ်သီးနှင့် အုန်းသီး

အတုံးလေးတွေလှီးထားတဲ့ နာနတ်သီးတစ်ခွက်စာအပေါ်ကနေ အုန်းသီးခြစ်လေးတွေ စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက် ဖြူးပြီးတော့ အရသာရှိရှိ စားသုံးနိုင်ပါတယ်။ (ကယ်လိုရီ ၁၇၅)

၂။ ဒိန်ချဉ်နှစ် စတော်ဘယ်ရီသီးများ

အလယ်ကနေ ထက်ခြမ်းခြမ်းထားတဲ့ စတော်ဘယ်ရီသီးတစ်ခွက်ကို အဆီမပါတဲ့ Greek ဒိန်ချဉ်ထဲကို နှစ်လိုက်ပြီး ရေခဲသေတ္တာထဲမှာ ခဲထားလိုက်ပါ။ ပြီးရင်တော့ အေးအေးလေး သုံးဆောင်နိုင်ပါပြီ။ ( ကယ်လိုရီ ၁၁၅)

၃။ သစ်သီး Salad လေး

ပန်းကန်လုံးတစ်ခုထဲကို အတုံးလေးတွေဖြစ်အောင် လှီးထားတဲ့ စတော်ဘယ်ရီသီးတွေ၊ ဘလူးဘယ်ရီသီးတွေနဲ့ ပန်းသီးလေးတွေထည့်လိုက်ပါ။ ပြီးရင် အပေါ်ကနေ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးတော့ ရောမွှေပေးလိုက်ပါ။ (ကယ်လိုရီ ၁၇၀)

၄။ ဖရဲသီး Salad

နွေရာသီမှာ ရင်အေးစေမယ့် ဖရဲသီးကို အတုံးလေးတွေဖြစ်အောင်လှီးပြီးတော့ Feta ချိစ် အနည်းငယ်၊ စမြိတ်ပင်အနည်းငယ် ဖြူးပေးပြီးတော့ ရောသမမွှေလိုက်ပါ။ ချိုမြိန်တဲ့ သရေစာလေးရပါပြီ။ (ကယ်လိုရီ ၁၅၀)

Source: www.onegoodthingbyjillee.com