မေမေတို့ အားလုံးပဲ မင်္ဂလာပါနော်။ ကလေးတွေဆိုတာက တခါတလေမှာ အမျိုးမျိုးအကြောင်းပြပြီး အစားအသောက်ကို ဂျီးများတတ်ကြပါတယ်နော်။ ဒီလိုအခါမျိုးတွေဆိုရင် မေမေတို့မှာ သိပ်စိတ်ညစ်ရပြီပေါ့။ ဒါပေမယ့် မပူပါနဲ့။ အစားအသောက်ဂျီးများတဲ့ ကလေးတွေလည်း ထမင်းစားဖြစ်အောင်၊ သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်နေဖို့အတွက် လိုအပ်တဲ့ အာဟာရတွေလည်းအပြည့်ပါဝင်အောင် အခုဖော်ပြပေးမယ့် နေ့လည်စာလေးပြင်ဆင်ပြီး ထည့်ပေးလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

ထမင်း

ဝက်သား

တို့ဖူး

ဟင်းချက်ဆီ

လှီးပြီးသား မုန်လာဥနီ

ပဲစေ့များ

ကြက်သွန်နီ

ကြက်သွန်ဖြူ

ချက်ပြုတ်နည်း

ပထမဦးဆုံးအနေနဲ့ဆန်ကိုရေဆေးပြီး ထမင်းဖြစ်အောင် Rice Cooker ထဲထည့်ချက်ပါ။

ထမင်းကျက်သွားပြီဆိုပါက ပဲငံပြာရည်တို့ အသားမှုန့်တို့ရောပြီး နယ်ပေးပါ။

ဒုတိယအနေနဲ့ ဝက်သားကိုစင်းပြီး အရသာမှုန့်ထည့်နှပ်ထားပါ။

တတိယအနေနဲ့ မုန်လာဥနီ၊ ကြက်သွန်နီ၊ ပဲစေ့များကို ရေပြောင်အောင်ဆေးပြီး ပဲစေ့မှလွဲ၍ ကျန်သည့်ဟင်းသီးဟင်းရွက်များကို အတုံးလေးတွေလှီးပေးပါ။

ပြီးနောက် မီးအနေတော်နဲ့ ဆီကိုအပူပေးကာ ဟင်းသီးဟင်းရွက်များကို ဦးစွာထည့်ကြောပါ။

ထို့နောက် ဝက်သားထည့်ကြော်ပေးပါ။

နောက်ဆုံးအနေနဲ့ ထမင်းထည့်ကြော်ပါ။

တို့ဖူးကို တြိဂံအနေလေးတွေလှီးပြီး အဝါရောင်သမ်းသည်အထိ မီးအေးအေးနဲ့ကြော်ပေးပါ။

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

မိုင်လိုမှာ ပရိုတိုမော့လိုခေါ်တဲ့ ခွန်အားပေးတဲ့ ကစီဓာတ်၊ ခန္ဒကိုယ်ဖွံ့ဖြိုး ကြီးထွားဖို့ နှင့် အရိုးအဆစ်တွေ သန်မာဖို့အတွက် နွားနို့စစ်စစ် နှင့် လိုအပ်သော အာဟာရအင်အားကို လိုအပ်သောအချိန်မှာ ပံပိုးပေးဖို့အတွက် ဗီတာမင်နှင့် သတ္တုဓာတ်တွေပါဝင်လို့ ကလေးတွေ တစ်နေ့တာ လိုအပ်တဲ့ အာဟာရအင်အားကို တာရှည်ခံအောင် ပံ့ပိုးပေးပါတယ်။ ဒါကြေင့်မို့ မိုင်လိုကို အာဟာရမျှတတဲ့ အစားအစာနှင့်အတူ ပြင်ဆင်ထည့်ကျွေးပေးမယ်ဆိုရင် ကလေးတွေတစ်နေ့လုံး အာဟာရအင်အား ပြည့်ဝနေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILO က ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ကို မဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။