အရသာရှိတဲ့အစားအသောက်ကောင်းတွေကိုလည်း ကြိုက်နှစ်သက်တယ် အလှအပကိုလည်း ခုံမင်တယ်ဆိုသူများအတွက် ဒီတစ်ခါမှာတော့ အသည်းပုံသဏ္ဍာန် ပုံဖော်ထားတဲ့ ကြက်သားကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၂၅၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၁ လုံး
  • ကြက်သွန်နီ ၁ ခြမ်း (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၁ စည်း (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နုပ်နုပ်စဉ်းထားသော ကြက်သားတုံးများကို ပန်းကန်လုံးအကြီးထဲ ထည့်ပါ။ ထို့နောက် ကြက်ဥ ဖောက်ထည့်ပါ။

၂။ ထို့နောက် ပြောင်းမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ကြက်သွန်နီနှင့် ကြက်သွန်မြိတ်တို့ ပေါင်းထည့်ကာ သမအောင် ထပ်နယ်ပါ။

၄။ အားလုံး သမအောင် နယ်ပြီးသွားတဲ့အခါ ကြက်သားကို အသည်းပုံသဏ္ဍာန် ပုံဖော်ရပါမယ်။

အရင်ဦးဆုံး စားပွဲပေါ်မှာ ခဲဖတ် ခံထားပါ။ ခဲဖတ်ပေါ်မှာ ပြောင်းမှုန့်အနည်းငယ် ဖြူးလိုက်ပါ။

ထို့နောက် နယ်ထားသော ကြက်သားအရောအနှောများကို စားပွဲတင်ဇွန်း ၂ ဇွန်းစာခန့် ခပ်ယူပြီးနောက် အသည်းပုံသဏ္ဍာန် ပုံဖော်လိုက်ပါ။

၅။ နယ်ထားသော ကြက်သားများအားလုံး ကုန်သွားသည်အထိ ပုံဖော်ပြီးတဲ့အခါမှာတော့ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက အသည်းပုံ ကြက်သားတုံးများထည့်ကာ ၅ မိနစ်ခန့်ကြော်ပါ။

ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၅ မိနစ်ခန့် ဆက်ကြော်ပေးရပါမယ်။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ အသည်းပုံ ကြက်သားတုံးများ ရရှိသွားပါပြီ။

တုတ်ထိုးပုံသဏ္ဍာန် ပြုလုပ်ချင်တယ်ဆိုရင်တော့ အသည်းပုံအောက်ခြေကနေတဆင့် တုတ်ချောင်းများ ထိုးထည့်ပေးလို့ရပါတယ်။

အခြားသောဟင်းသီးဟင်းရွက်များကိုလည်း မိမိစိတ်ကြိုက်ပုံဖော်ကာ ကြက်သားကြော်နဲ့အတူတူ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Asianfoodnetwork.com