အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတိုင်း စွပ်ပြုတ်သောက်ရတာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပဲထောပတ် ဝက်သားစွပ်ပြုတ် ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ ၂ လီတာ
  • ပဲထောပတ် ၁ ပေါင်
  • ဝက်ပေါင်တုံး အတုံးကြီး ၁ တုံး
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)

  • တရုတ်နံနံ ၂ ချောင်း (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ခရမ်းချဉ်သီးအနှစ် စည်သွပ်ဘူး ၁ ဘူး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲထောပတ်များ ဒယ်အိုးထဲထည့်ပြီးနောက် ရေထည့်ကာ ၂ မိနစ်ခန့်ပြုတ်လိုက်ပါ။

၂။ ထို့နောက် ထိုဒယ်အိုးကို မီးဖိုပေါ်မှချကာ အဖုံးအုပ်ထားပြီး ၁ နာရီခန့် စိမ်ထားလိုက်ပါ။

၃။ ထို့နောက် အခြားဒယ်အိုးတစ်လုံးတွင် ဝက်ပေါင်တုံး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံနှင့် ငရုတ်ကောင်းမှုန့်များထည့်ပါ။ ရေထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၄။ ဆူပွက်လာတဲ့အချိန်မှာ အဆီဖတ်များနဲ့ အမြှုပ်များကို ဖယ်ရှားလိုက်ပါ။

၅။ ပွက်ပွက်ဆူလာပါက မီးအပူချိန်ကို လျော့ချလိုက်ပြီး မီးအေးအေးဖြင့် ၁ နာရီခွဲ၊ ၂ နာရီခန့် တည်ထားလိုက်ပါ။ ဟင်းရည်က အရမ်းပျစ်သွားပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

၆။ ထို့နောက် ဝက်ပေါင်တုံးကို ဟင်းရည်ထဲကဖယ်ရှားလိုက်ပြီး အနေတော်အတုံး လှီးဖြတ်လိုက်ပါ။

၇။ ထို့နောက် ဟင်းရည်ထဲ ပြန်ထည့်လိုက်ပါ။

၈။ နောက်တစ်ဆင့်အနေနဲ့ ခရမ်းချဉ်သီးအနှစ်နှင့် ဆားတို့ထည့်ကာ ၁၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပဲထောပတ် ဝက်သားစွပ်ပြုတ်ဟင်းရည်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com