အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပုဇွန်ကင်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပုဇွန်
  • ခုံး
  • ကြက်သွန်ဖြူ ၆ ဥ
  • ပင်စိမ်းရွက်လက်တစ်စုတ်စာ
  • နံနံပင် လက်တစ်စုတ်စာ

  • ဆား
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • လိမ္မော်သီး ၁ လုံး
  • သံပုရာသီး ၁ လုံး
  • သံလွင်ဆီ အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ခုံး (ဂုံး) ကိုရေဆေးပြီး သေချာသန့်စင်လိုက်ပါ။ ပြီးရင် ရေဆစ်ထားပါ။

ပုဇွန်ကိုလည်းရေဆေးပါ။ ခြေထောက်တွေကို ဖြတ်ထုတ်လိုက်ပါ။ ကျောရိုးနားက အညစ်အကြေးကိုလည်းထုတ်လိုက်ပါ။ အမြီးလေးချန်ထားပါ။

ကြက်သွန်ဖြူတောက်တောက်စဉ်းနဲ့ တခြားပါဝင်တဲ့အရွက်တွေကိုလည်း တောက်တောက်စဉ်းလိုက်ပါ။

ပြီးရင်တစ်ဝက်ကို ဖယ်ထားပြီး ကျန်တဲ့တစ်ဝက်ကို ဆား၊ လိမ္မော်ရည်၊ သံပုရာရည် ညှစ်ထည့်ပါ။ ငရုတ်ကောင်း၊ သံလွင်ဆီထည့်လိုက်ပါ။ သေချာလေး ရောပေးလိုက်ပါ။ ပြီးရင်တော့ ခုံး (သို့) ပုဇွန် မိမိနှစ်သက်ရာနဲ့ နယ်လိုက်ပါ။ (အချဉ်အရသာ)

ကျန်တဲ့တစ်ဝက်ကိုလည်း ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့နဲ့ ရောလိုက်ပါ။ ပြီးရင် ကျန်တဲ့ပင်လယ်စာနဲ့ နယ်လိုက်ပါ။ (အချိုအရသာ)

အဲဒီနောက် အပေါ်ကနေ ဆီလေးနည်းနည်း ထပ်သုတ်လိုက်ပြီး မီးသွေးလေးနဲ့ ကင်ပေးလိုက်ပါ။

တစ်ဖက်ရပြီဆို ကျန်တစ်ဖက်ကို ကင်ပေးလိုက်ပါ။

Source: www.thewoksoflife.com

BY: MyFood Myanmar